×

ငါအရှင်မြတ်သည် လူပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦးအား စွန်ပလွံပင်များဖြင့် ခြံရံဝိုင်းပတ်၍ ကာကွယ်ပေးထားသော စပျစ်ခြံနှစ်ခြံရှိပြီး ထိုခြံနှစ်ခုကြားတွင် (ရှိသည့် မြေကွက်၌ စိုက်ပျိုးထားသော) ကောက်ပဲ 18:32 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:32) ayat 32 in Burmese

18:32 Surah Al-Kahf ayat 32 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 32 - الكَهف - Page - Juz 15

﴿۞ وَٱضۡرِبۡ لَهُم مَّثَلٗا رَّجُلَيۡنِ جَعَلۡنَا لِأَحَدِهِمَا جَنَّتَيۡنِ مِنۡ أَعۡنَٰبٖ وَحَفَفۡنَٰهُمَا بِنَخۡلٖ وَجَعَلۡنَا بَيۡنَهُمَا زَرۡعٗا ﴾
[الكَهف: 32]

ငါအရှင်မြတ်သည် လူပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦးအား စွန်ပလွံပင်များဖြင့် ခြံရံဝိုင်းပတ်၍ ကာကွယ်ပေးထားသော စပျစ်ခြံနှစ်ခြံရှိပြီး ထိုခြံနှစ်ခုကြားတွင် (ရှိသည့် မြေကွက်၌ စိုက်ပျိုးထားသော) ကောက်ပဲ သီးနှံများဖြင့် ပြည့်စုံစေတော်မူထားသော အမျိုးသားနှစ်ဦးအား (စံနမူနာယူဖွယ်ရာ) ဥပမာအဖြစ် ခိုင်းနှိုင်း၍ ထုတ်ဖော်တင်ပြတော်မူ၏။

❮ Previous Next ❯

ترجمة: واضرب لهم مثلا رجلين جعلنا لأحدهما جنتين من أعناب وحففناهما بنخل وجعلنا, باللغة البورمية

﴿واضرب لهم مثلا رجلين جعلنا لأحدهما جنتين من أعناب وحففناهما بنخل وجعلنا﴾ [الكَهف: 32]

Ba Sein
၃၂။ သူတို့၏ ဥပမာကား လူနှစ်ယောက်၏ ဥပမာဖြစ်၏။ သူတို့အနက် တဦးအား ငါအရှင်မြတ်သည် သပျက်ဥယျာဉ် နှစ်ခုကို ပေး၏။ ထိုဥယျာဉ်များကို စွန်ပလွံပင်များနှင့် ဝိုင်းဝန်းထားတော်မူ၏။ ထိုဥယျာဉ်နှစ်ခုစပ်ကြားတွင် လယ်ယာကိုင်းကျွန်းတို့ကို စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား လူနှစ်ယောက်၏ဥပမာကို ခိုင်းနှိုင်း၍ပြပါလေ။ ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးအားစပျစ်ခြံနှစ်ခြံကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်ယင်းခြံနှစ်ခြံကို စွန်ပလွံပင်များဖြင့်ခြံရံ၍ ပေးတော်မူခဲ့သည်။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြား တွင် လယ်တစ်ခုကိုလည်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် အသင်သည် သူတို့အား လူနှစ်‌ယောက်*၏ပမာကို ခိုင်းနှိုင်းပြလိုက်ပါ။ ငါအရှင်မြတ်သည် သူတို့နှစ်ဦးထဲမှ တစ်ဦးကို စပျစ်ခြံနှစ်ခြံ ‌ပေးသနား‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံအား စွန်ပလွံပင်များနှင့် ခြံရံ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏ကြားတွင် လယ်ယာတစ်ခုကိုလည်း ‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek