×

ထိုသူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေပြီး ထာဝစဉ်တည်တံ့မည့် သုခဥယျာဉ်များ အသင့်ရှိကြပြီး သူတို့သည် ထိုသုခဥယျာဉ်များ၌ ရွှေလက်ပတ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းခံကြရလျက် ထိုမှတစ်ပါး 18:31 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:31) ayat 31 in Burmese

18:31 Surah Al-Kahf ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 31 - الكَهف - Page - Juz 15

﴿أُوْلَٰٓئِكَ لَهُمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَيَلۡبَسُونَ ثِيَابًا خُضۡرٗا مِّن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۚ نِعۡمَ ٱلثَّوَابُ وَحَسُنَتۡ مُرۡتَفَقٗا ﴾
[الكَهف: 31]

ထိုသူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေပြီး ထာဝစဉ်တည်တံ့မည့် သုခဥယျာဉ်များ အသင့်ရှိကြပြီး သူတို့သည် ထိုသုခဥယျာဉ်များ၌ ရွှေလက်ပတ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းခံကြရလျက် ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှား၍ အနုစိတ်သော ပိုးချည်ချောမှ ဖြစ်သော အစိမ်းရောင်ဝတ်ရုံ များကို ဝတ်ဆင်ကြကာ ထိုသုခဥယျာဉ်ထဲရှိ အလှတန်ဆာဆင်ထားသော သလွန်များပေါ်၌ မှီလျက် ကျောခင်း ကြပေမည်။ အလွန်ပင် လှပတင့်တယ်၍ ကောင်းမြတ်သော ဂုဏ်ကျက်သရေနှင့်ပြည့်စုံ၍ ကောင်းမြတ်သော အကျိုးဆုလဒ်ဖြစ်ပြီး အလွန်ပင် နားနေရာနေရာထိုင်ခင်း ဖြစ်ပေတကား။

❮ Previous Next ❯

ترجمة: أولئك لهم جنات عدن تجري من تحتهم الأنهار يحلون فيها من أساور, باللغة البورمية

﴿أولئك لهم جنات عدن تجري من تحتهم الأنهار يحلون فيها من أساور﴾ [الكَهف: 31]

Ba Sein
၃၁။ ထိုသူတို့အဖို့အရာ သူတို့၏ ဗိမာန်များသည် နိဗ္ဗာန်ဥယျာဉ်တော်များဖြစ်ကြလတ့ံ။ ထိုဥယျာဉ်တော်အောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိကြ၏။ နိဗ္ဗာန်ဘုံတွင် သူတို့သည် ရွှေလက်ဝတ်တန်ဆာ၊ အလှဆုံးသော ပိုးဖဲဝတ်လုံတန်ဆာ ရွှေကြည်ပန်းထိုးထားသောအဝတ်တန်ဆာများကို ဝတ်ဆင်ကြရလတ့ံ။ သူတို့သည် ပလ္လင် ပေါ်များတွင် လှဲလျောင်းမွေ့လျော်စွာနေကြရလတ့ံ၊ ထိုဆုသည် ကောင်းမြတ်လှပေ၏။ ထိုဗိမာန်သည် ခန့်ငြား လှပေ၏။
Ghazi Mohammad Hashim
ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။
Hashim Tin Myint
ထိုသူများပင်ဖြစ်သည်၊ ၎င်းသူတို့အတွက် တည်မြဲ‌သောဥယျာဉ်များရှိမည်။ ထို‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ သူတို့သည် ထိုဥယျာဉ်များတွင် ‌ရွှေလက်‌ကောက်များနှင့် တန်ဆာဆင်ယင်‌ပေးခြင်းခံကြရမည်။ ၎င်း‌နောက် သူတို့သည် ပါးလွှာ‌သောပိုးထည်နှင့် ထူထဲ‌သောပိုးထည်မှ အစိမ်း‌ရောင်(အဝတ်အစား)များကို ဝတ်ဆင်ကြမည်။ ထိုဥယျာဉ်များတွင် မြင့်မား‌သောထိုင်ခုံများ‌ပေါ်၌ မှီ‌နေကြမည်။ ထိုအကျိုးသည် အဘယ်မျှ‌ကောင်း‌သော ကုသိုလ်အကျိုးဖြစ်ပြီး ထိုဥယျာဉ်သည်လည်း အလွန်‌ကောင်းလှ‌သော အပန်း‌ဖြေနားခိုရာ‌နေရာဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek