Quran with Burmese translation - Surah Al-Kahf ayat 41 - الكَهف - Page - Juz 15
﴿أَوۡ يُصۡبِحَ مَآؤُهَا غَوۡرٗا فَلَن تَسۡتَطِيعَ لَهُۥ طَلَبٗا ﴾
[الكَهف: 41]
﴿أو يصبح ماؤها غورا فلن تستطيع له طلبا﴾ [الكَهف: 41]
Ba Sein ၄၁။ သို့မဟုတ် တခုခုသောနံနက်တွင် သင့်ဥယျာဉ်၏ စိမ့်စမ်းသွေ့ခြောက်ပျောက်ကွယ်သွား၍ ရေကြောင်းကို ရှာမတွေ့နိုင်ဖြစ်ကောင်းဖြစ်လတ့ံဟု ဆို၏။ |
Ghazi Mohammad Hashim သို့တည်းမဟုတ် (အသင်ဥယျာဉ်အနီး၌ရှိ သော)ချောင်းရေသည် (မြေကြီးအောက်သို့) နက်ဝင်သွားတန်ရာ၏။သို့ဖြစ်လျှင် အသင်သည် ထိုရေကို အလျှင်း ရှာဖွေ(ထုတ်ယူ)နိုင်မည် မဟုတ်ပေတကား။ |
Hashim Tin Myint “သို့မဟုတ် ထိုဥယျာဉ်၏ ချောင်းရေသည် (မြေကြီးထဲသို့)နစ်ဝင်သွားကောင်းသွားလိမ့်မည်။ သို့ဖြစ်လျှင် အသင်သည် ထိုရေကို လုံးဝရှာဖွေနိုင်မည် မဟုတ်တော့ပေ။“ |