×

ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်ရှေ့ဝယ် ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံး 18:50 Burmese translation

Quran infoBurmeseSurah Al-Kahf ⮕ (18:50) ayat 50 in Burmese

18:50 Surah Al-Kahf ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Al-Kahf ayat 50 - الكَهف - Page - Juz 15

﴿وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ كَانَ مِنَ ٱلۡجِنِّ فَفَسَقَ عَنۡ أَمۡرِ رَبِّهِۦٓۗ أَفَتَتَّخِذُونَهُۥ وَذُرِّيَّتَهُۥٓ أَوۡلِيَآءَ مِن دُونِي وَهُمۡ لَكُمۡ عَدُوُّۢۚ بِئۡسَ لِلظَّٰلِمِينَ بَدَلٗا ﴾
[الكَهف: 50]

ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့ကို ""အာဒမ်ရှေ့ဝယ် ဦးချလော့။"" ဟု မိန့်တော်မူသည့်အခါ အီဗ်လီစ် (စေတန်မိစ္ဆာကောင်) မှအပ သူတို့အားလုံး ဦးချကြကုန်၏။ စေတန်မိစ္ဆာကောင်သည် (မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ လူ့မျက်စိဖြင့် မမြင်ရသော) ဂျင်န်တို့အနက်မှဖြစ်ပြီး သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏စီမံချက်အမိန့်တော်ကို ပုန်ကန် သွေ ဖည်ခဲ့လေ၏။ သို့ပါလျက် သင်တို့နှင့်သင်တို့၏သားစဉ်မျိုးဆက်တို့သည် ငါအရှင်မြတ်မှလွဲ၍ ယင်း (စေတန်မိစ္ဆာကောင်) ကို ကာကွယ်စောင့်ရှောက်သူအဖြစ် မှတ်ယူကြမည်လော။ အမှန်စင်စစ်၊ ယင်း (စေတန်မကောင်းဆိုးဝါး) တို့မှာမူကား အသင်တို့၏ရန်သူများပင် ဖြစ်ကြ၏။ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား ပြုမူသူတို့အတွက် (သင်တို့၏တန်ဖိုးများကို ပေးအပ်၍) အလဲအလှယ်လုပ်ခြင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။

❮ Previous Next ❯

ترجمة: وإذ قلنا للملائكة اسجدوا لآدم فسجدوا إلا إبليس كان من الجن ففسق, باللغة البورمية

﴿وإذ قلنا للملائكة اسجدوا لآدم فسجدوا إلا إبليس كان من الجن ففسق﴾ [الكَهف: 50]

Ba Sein
၅၀။ ထို့အပြင်ငါအရှုင်မြတ်သည် ကောင်းကင်တမန်တော်များအား သင်တို့သည် အာဒမ်ရှေ့ဝယ်ဝပ်တွား၍ အရိုအသေ ပြုကြလော့ဟု ဗျာဒိတ်ပေးတော်မူသည်။ မှတ်သားလော့၊ အီဗလစ်မှတပါး၊ ခပ်သိမ်းကုန်သောကောင်းကင် တမန်တော်တို့သည် ဝပ်တွားဦးညွတ်ချကြ၏။ သူသည် ဂျင်နတ်သားအမျိုးအနွယ်မှ ဖြစ်၏။ ထို့ကြောင့်သူသည် မိမိ၏ အရှင်သခင်၏ ဗျာဒိတ်တော်ကို ထောင်ထား၏။ ရှိုင်တန်မာရ်နတ်သည် သင်တို့၏ ရန်သူကြီးဖြစ်ငြား သော်လည်း သင်တို့သည် သူနှင့်သူ၏ အဆက်အနွယ်တို့ကို ငါအရှင်မြတ်အစား ကာကွယ်စောင့်ရှောက်သည့် မိတ်ဆွေခင်ပွန်းအဖြစ်ဖြင့်၊ ရွေးချယ်တင်မြှောက်ကြမည်လော။ ပြစ်မှုကျူးလွန်သူများအတွက် ယင်းလဲလှယ်မှု သည် အတိဒုက္ခသာတည်း။
Ghazi Mohammad Hashim
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ကောင်းကင် တမန်တို့အားအသင်တို့သည် အာဒမ်၏အရှေ့ဝယ် ဦးချကြလေကုန် ဟုမိန့်ကြားတော်မူခဲ့ပေရာ အစ်ဗ်လိစ်မှတစ်ပါး ကောင်းကင် တမန်အပေါင်းတို့သည် ဦးချခဲ့ကြကုန်၏။ ယင်းအစ်ဗ်လီစ်မှာမူကားဂျင်(န်)သတ္တဝါတို့အနက်မှဖြစ်ခဲ့ရာ ၎င်းသည် မိမိအားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုသွေဖည်ခဲ့လေ၏။ သို့ပါလျက် အသင်တို့သည် ငါအရှင်မြတ်အား စွန့်၍ ယင်းအစ်ဗ်လီစ်ကိုလည်းကောင်း၊ ယင်းအစ်ဗ်လီစ်၏သားမြေးတို့ကိုလည်းကောင်း၊ အဆွေခင်ပွန်းများပြုလုပ် ကြလေသလော။ အမှန်စင်စစ် ၎င်းတို့မှာမူကား အသင်တို့၏ရန်သူများပင်ဖြစ်ကြကုန်၏။ မတရား ကျူးလွန်သူ တို့၏အကျိုးသည်အလွန်ဆိုးရွားလှပေသည်တကား။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ‌ကောင်းကင်တမန်များအား “အသင်တို့သည် အာဒမ်၏‌ရှေ့၌ ဦးချကြပါ“ဟု မိန့်ကြား‌တော်မူခဲ့‌သောအခါ အိဗ်လီစ်မှလွဲ၍ ‌ကောင်းကင်တမန်များ အားလုံးဦးချခဲ့ကြသည်။ ထိုအိဗ်လီစ်သည် ဂျင်န်သတ္တဝါထဲမှဖြစ်ခဲ့ပြီး သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်ကို ‌သွေဖည်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား စွန့်ပြီး ထိုအိဗ်လီစ်နှင့် သူ၏သား‌မြေးများကို သူတို့သည် အသင်တို့၏ရန်သူများဖြစ်ကြပါလျက် မိတ်‌ဆွေဖွဲ့ခဲ့ကြသ‌လော။ မတရားကျူးလွန်သူများ၏အစားသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek