Quran with Burmese translation - Surah Al-Kahf ayat 51 - الكَهف - Page - Juz 15
﴿۞ مَّآ أَشۡهَدتُّهُمۡ خَلۡقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَا خَلۡقَ أَنفُسِهِمۡ وَمَا كُنتُ مُتَّخِذَ ٱلۡمُضِلِّينَ عَضُدٗا ﴾
[الكَهف: 51]
﴿ما أشهدتهم خلق السموات والأرض ولا خلق أنفسهم وما كنت متخذ المضلين﴾ [الكَهف: 51]
Ba Sein ၅၁။ ငါသည် မိုးမြေနှင့်ရှိုင်တန်မာရ်နတ်တို့ကို ဖန်ဆင်းတော်မူသောအခါလည်းကောင်း၊ သူတို့အား အသိသက်သေ များဖြစ်စေတော်မမူချေ။ သို့မဟုတ် လမ်းမှားပြသူတို့ကို ငါ့အား ကူညီဖို့ရာ ရွေးချယ်တော်မမူချေ။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ယင်းရှိုင်တွာန်မိစ္ဆာကောင်တို့အား မိုးကောင်းကင်များကို ဖန်ဆင်းတော်မူရာ၌ လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊အဆင်သင့် ခေါ်ထားတော်မူခဲ့သည်မဟုတ်ပေ။ ထိုနည်းတူစွာ၎င်းတို့အား ဖန်ဆင်းတော်မူရာ၌လည်း(အဆင့်သင့်ခေါ်ထားခြင်းကိုပြုတော်)မမူခဲ့ချေ။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် (သူတစ်ပါးကို)လမ်းလွဲစေသောသူတို့အား (မိမိ)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။ |
Hashim Tin Myint ငါအရှင်မြတ်သည ထိုရှိုင်သွာန်များအား မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းရာတွင် အသင့် ခေါ်ထားခဲ့သည် မဟုတ်ပေ။ ၎င်းနောက် သူတို့အား ဖန်ဆင်းတော်မူရာတွင်လည်း အသင့်ခေါ်ထားတော်မမူခဲ့ပေ။ ထို့ပြင် ငါအရှင်မြတ်သည် (လူများအား) လမ်းလွဲစေသောသူတို့ကို (အရှင်မြတ်၏)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။ |