Quran with Burmese translation - Surah Maryam ayat 10 - مَريَم - Page - Juz 16
﴿قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٖ سَوِيّٗا ﴾
[مَريَم: 10]
﴿قال رب اجعل لي آية قال آيتك ألا تكلم الناس ثلاث ليال﴾ [مَريَم: 10]
Ba Sein ၁ဝ။ ထိုအခါသူက အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား တစုံတခုသောပုဗ္ဗနိမိတ်ပေးတော်မူပါဟု လျှောက်၏။ အရှင်မြတ်က သင်၏ နိမိတ်မှာ သင်သည် မကျန်းမမာရောဂါတစုံတခုမရှိပဲနှင့် သုံးနေ့သုံးညဉ့်တိုင်တိုင် တခွန်းတပါဒသောစကားကို လူတို့နှင့်မဆိုလင့်ဟု မိန့်တော်မူသည်။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။ |
Hashim Tin Myint ၎င်းက ပြောဆိုလျှောက်ထားသည်-အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်ုပ်၏ဇနီး ကိုယ်ဝန်ဆောင်သည်ကို သိရှိရန်) သက်သေလက္ခဏာတစ်စုံတစ်ရာကို ကျွန်ုပ်အတွက် ပြုလုပ်ပေးတော်မူပါ။ အရှင်မြတ်က အမိန့်ရှိတော်မူသည်- အသင်သည် သုံးညတိတိ လူများနှင့် စကားပြောနိုင်မည် မဟုတ်ပေ။ ၎င်းသည် အသင့်(ဇနီး ကိုယ်ဝန်ရှိခြင်း၏) သက်သေလက္ခဏာပင်ဖြစ်သည်။ |