×

(အရှင့်ထံတော်မှ ထိုသတင်းကောင်းရရှိ) ပြီးနောက် (တမန်တော်) ဇကရီယာသည် (အထွတ်အမြတ် ဖြစ်သော) ဝတ်ပြုရာအခန်းမှ သူ့လူမျိုးတို့ရှေ့ဝယ် ထွက်လာခဲ့ရာ သူတို့အား မနက်ပိုင်းတွင် 19:11 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:11) ayat 11 in Burmese

19:11 Surah Maryam ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 11 - مَريَم - Page - Juz 16

﴿فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةٗ وَعَشِيّٗا ﴾
[مَريَم: 11]

(အရှင့်ထံတော်မှ ထိုသတင်းကောင်းရရှိ) ပြီးနောက် (တမန်တော်) ဇကရီယာသည် (အထွတ်အမြတ် ဖြစ်သော) ဝတ်ပြုရာအခန်းမှ သူ့လူမျိုးတို့ရှေ့ဝယ် ထွက်လာခဲ့ရာ သူတို့အား မနက်ပိုင်းတွင် လည်းကောင်း၊ ည နေပိုင်းလည်းကောင်း၊ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင် ကြရန် (အရှင်မြတ်) မိန့်တော်မူသည်ကို (ဟန်အမူအရာဖြင့်) ပို့ချ သွန်သင်ခဲ့၏။

❮ Previous Next ❯

ترجمة: فخرج على قومه من المحراب فأوحى إليهم أن سبحوا بكرة وعشيا, باللغة البورمية

﴿فخرج على قومه من المحراب فأوحى إليهم أن سبحوا بكرة وعشيا﴾ [مَريَم: 11]

Ba Sein
၁၁။ ထို့နောက််တမန်တော်ဇကိရိယာသည် ဝတ်ပြုသန့်ရှင်းရာဋ္ဌာနမှ ထွက်လာ၍ မိမိလူများအား သင်တို့သည် နေထွက်နေဝင်ချိန်ကာလတွင် မိမိတို့၏ ကျေးဇူးတော်သခင်အား ချီးကျုးတသလော့ဟု လက်ပြခြေပြခြင်းနည်း ဖြင့် ဟောကြား၏။
Ghazi Mohammad Hashim
ထို့နောက် ယင်းဇကရီယာသည် ဝတ်ပြုနေရာမှမိမိအမျိုးသားတို့ရှေ့ဝယ် ထွက်ခဲ့ပြီးလျှင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညဦးယံ၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း) တတ်စ်ဗီဟ်ဆိုကြလေကုန်ဟု (လက်ရိပ်ဖြင့်) ညွှန်ခဲ့လေသတည်း။
Hashim Tin Myint
ထို့‌နောက် ၎င်း(တမန်‌တော် ဇကရိယာ)သည် ဝတ်ပြု‌ဆောင်မှ ၎င်း၏အမျိုးသားများ၏‌ရှေ့၌ ထွက်ခဲ့၍ အသင်တို့သည် နံနက်နှင့်ည‌နေတွင် သတ်စ်ဗီဟ်ရွတ်ဆိုကြပါဟု(လက်ရိပ်နှင့်)ညွှန်ကြားခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek