×

ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသော) မရ်ယမ်အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ သူမသည် (သူမ၏ဘဝအား အရှင်မြတ်ကို 19:16 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:16) ayat 16 in Burmese

19:16 Surah Maryam ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 16 - مَريَم - Page - Juz 16

﴿وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مَرۡيَمَ إِذِ ٱنتَبَذَتۡ مِنۡ أَهۡلِهَا مَكَانٗا شَرۡقِيّٗا ﴾
[مَريَم: 16]

ထို့ပြင် ကျမ်းတော် (မြတ်ကုရ်အာန်) ၌ (ဖော်ပြပါရှိသော) မရ်ယမ်အကြောင်းကို သတိရ တသစေရန် ထုတ်ဖော်ဖွင့်ဟလော့။ သူမသည် (သူမ၏ဘဝအား အရှင်မြတ်ကို နာခံကိုးကွယ်ရန်အတွက် ပေးအပ်၍ မြုပ်နှံသည့်အနေဖြင့်) သူမ၏မိသားစုမှ ခွဲခွာ၍ အရှေ့ဘက်အရပ်၌ရှိသော (ကျောင်းတော်၏) အခန်းနေရာတစ်ခုသို့ သွားခဲ့၏။

❮ Previous Next ❯

ترجمة: واذكر في الكتاب مريم إذ انتبذت من أهلها مكانا شرقيا, باللغة البورمية

﴿واذكر في الكتاب مريم إذ انتبذت من أهلها مكانا شرقيا﴾ [مَريَم: 16]

Ba Sein
၁၆။ ထို့အပြင်ကျမ်းဂန်တော်၌ မရယမ်၏ အကြောင်း ဖော်ပြကြလော့။ သူမသည် မိမိအပေါင်းအဖော်များနှင့်ခွဲခွာ၍ အရှေ့ဘက်သို့ မျက်နှာမူသောနေရာဗိမာန်သို့ ကြွသွား၏။
Ghazi Mohammad Hashim
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် (ဤကုရ်အာန်)ကျမ်း‌တော်မြတ်မှ မရ်ယမ်၏အ‌ကြောင်းကို ဖတ်ပြလိုက်ပါ။ တစ်ခါက သူမသည် သူမ၏အိမ်သူ အိမ်သားများထံမှခွဲခွာပြီး အ‌ရှေ့ဘက်တွင်ရှိ‌သော အခန်းတစ်ခန်းထံသို့ သွား‌နေခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek