Quran with Burmese translation - Surah Maryam ayat 23 - مَريَم - Page - Juz 16
﴿فَأَجَآءَهَا ٱلۡمَخَاضُ إِلَىٰ جِذۡعِ ٱلنَّخۡلَةِ قَالَتۡ يَٰلَيۡتَنِي مِتُّ قَبۡلَ هَٰذَا وَكُنتُ نَسۡيٗا مَّنسِيّٗا ﴾
[مَريَم: 23]
﴿فأجاءها المخاض إلى جذع النخلة قالت ياليتني مت قبل هذا وكنت نسيا﴾ [مَريَم: 23]
Ba Sein ၂၃။ မရယမ်သည် သားဖွားဝေဒနာပြင်းထန်လာသဖြင့် စွန်ပလွံပင်ရှိရာသို့ လာ၍ ထုုိအပင်ကို မှီနေ၏။ သူမသည် ဤဝေဒနာကို မခံစားရမီ ငါသည် သေပျောက်၍ မေ့လျော့စရာဖြစ်သွားခဲ့လျှင် တော်လေစွဟု ညည်းညူ၏။ |
Ghazi Mohammad Hashim ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် သားဖွားမှု၏ဝေဒနာသည် သူမကို စွန်ပလွံပင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမက ပြောသည်- ဪ- ဖြစ်မှဖြစ်ရလေခြင်း၊ ငါသည် ဤသို့(အဖေမရှိသည့်သားကို)မမွေးခင် သေဆုံးသွားခဲ့လျှင် ကောင်းလေစွ။ ထို့နောက် ငါသည် မေ့ပျောက်သွားစေခြင်းကို ခံရလျှင် ကောင်းလေစွ။ (လူများ ငါ့ကို မေ့သွားလျှင် ကောင်းလေစွ)။ |