×

(သားတော်ရှိသည်၊” ဟုမှတ်ယူခြင်း၊ အရှင်မြတ်အတွက်) သားသမီးတစ်စုံတစ်ယောက် ဖြစ်စေခြင်း သည် အလ္လာဟ်အရှင်မြတ်နှင့် အလျှင်း မအပ်စပ်ပေ။ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ 19:35 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:35) ayat 35 in Burmese

19:35 Surah Maryam ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 35 - مَريَم - Page - Juz 16

﴿مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٖۖ سُبۡحَٰنَهُۥٓۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴾
[مَريَم: 35]

(သားတော်ရှိသည်၊” ဟုမှတ်ယူခြင်း၊ အရှင်မြတ်အတွက်) သားသမီးတစ်စုံတစ်ယောက် ဖြစ်စေခြင်း သည် အလ္လာဟ်အရှင်မြတ်နှင့် အလျှင်း မအပ်စပ်ပေ။ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက် သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူ ကြောင်းကို ဂုဏ်တင်ပါ၏။ ထိုအရှင်မြတ်သည် စီမံချက်အရေးကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူလျှင် ယင်းအမှုကိစ္စကို “ဖြစ်စေ “ဟု မိန့်ကြားတော်မူရုံမျှဖြင့် ထိုအမှုကိစ္စသည် “ဖြစ်လာလေ၏။”

❮ Previous Next ❯

ترجمة: ما كان لله أن يتخذ من ولد سبحانه إذا قضى أمرا فإنما, باللغة البورمية

﴿ما كان لله أن يتخذ من ولد سبحانه إذا قضى أمرا فإنما﴾ [مَريَم: 35]

Ba Sein
၃၅။ အလ္လာဟ်အရှင်မြတ်၌ သားရတနာရှိသည်ဆိုခြင်းသည် အရှင်မြတ်၏ ဂုဏ်တော်နှင့်မသင့်မြတ်ချေ။ အရှင်မြတ် သည် ချို့တဲ့ခြင်းမဲ့တော်မူ၏။ အရှင်မြတ်သည် တစုံတခုသောအရာကို ဖန်ဆင်းလိုတော်မူသောအခါ ထိုအရာ အား ဖြစ်စေဟုသာ မိန့်တော်မူ၏။ ထိုအရာသည် ချက်ခြင်းဖြစ်လာရ၏။
Ghazi Mohammad Hashim
သားသမီးတစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည်အလ္လာဟ်အရှင်မြတ်နှင့် အလျှင်းမအပ်စပ်ပေ။ ထိုအရှင်မြတ်သည်(အိမ်ထောင်ပြုသားမွေးခြင်းကိစ္စတို့မှ) လုံးဝကင်းတော်မူ၏။ (အမှန်စင်စစ်) မည်သည့် အခါမဆို ထိုအရှင်မြတ်သည်အမှုကိစ္စ တစ်စုံတစ်ရာကို စီရင်ပြဋ္ဌာန်းတော်မူပါလျှင် ထိုအရှင်မြတ်သည် ယင်းအမှုကိစ္စကို ဖြစ်စေဟု မိန့်ကြားတော်မူရုံမျှဖြင့်ထိုအမှုကိစ္စသည် ဖြစ်သွားလေ၏။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်အတွက် သားသမီးပြုလုပ်‌တော်မူခြင်းသည် လုံးဝမရှိ‌ပေ။ အရှင်မြတ်သည် (သားမယားရှိခြင်းမှ)လုံးဝ ကင်းစင်‌တော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ဆုံးဖြတ်‌တော်မူလျှင် အရှင်မြတ်သည် ထိုကိစ္စကို ဖြစ်‌စေဟု မိန့်ကြားလိုက်ရုံနှင့် ထိုကိစ္စသည် ဖြစ်သွား‌တော့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek