×

သူတို့သည် ယင်းသုခဥယျာဉ်များထဲ၌ “ငြိမ်းချမ်းပါစေ” ဟု မေတ္တာပို့ခံရခြင်းမှအပ (အနစ်သာရမဲ့ အ ကျိုးမဲ့) အချည်းနှီးသော စကားလုံးကို လုံးဝ ကြားကြရလိမ့်မည် 19:62 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:62) ayat 62 in Burmese

19:62 Surah Maryam ayat 62 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 62 - مَريَم - Page - Juz 16

﴿لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمٗاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةٗ وَعَشِيّٗا ﴾
[مَريَم: 62]

သူတို့သည် ယင်းသုခဥယျာဉ်များထဲ၌ “ငြိမ်းချမ်းပါစေ” ဟု မေတ္တာပို့ခံရခြင်းမှအပ (အနစ်သာရမဲ့ အ ကျိုးမဲ့) အချည်းနှီးသော စကားလုံးကို လုံးဝ ကြားကြရလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ယင်းသုခဥယျာဉ်ထဲ၌ စားနပ်ရိက္ခာများကိုလည်း နံနက်ယံနှင့်ညနေချမ်းတွင် ရရှိခံစားစေမည်ဖြစ်၏။

❮ Previous Next ❯

ترجمة: لا يسمعون فيها لغوا إلا سلاما ولهم رزقهم فيها بكرة وعشيا, باللغة البورمية

﴿لا يسمعون فيها لغوا إلا سلاما ولهم رزقهم فيها بكرة وعشيا﴾ [مَريَم: 62]

Ba Sein
၆၂။ ထိုသူတော်ကောင်းတို့သည် နိဗ္ဗာန်၌ စကားဖျင်းစကားသိမ်ကို မကြားရချေ။ ငြိမ်သက်ပါစေသောဝ်ဟူသော မေတ္တာစကားကိုသာ ကြားရ၏။ သူတို့သည် နိဗ္ဗာန်၌ နံနက်စာညစာကို လွယ်လင့်တကူစားသုံးရကြ၏။
Ghazi Mohammad Hashim
၎င်းတို့သည် ယင်းဂျန္နတ်သုခဘုံ၌ စလာမ်မေတ္တာပို့သခြင်းမှတစ်ပါး အချည်းနှီးသောစကားလုံးကို လုံးဝကြားကြရလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့အဖို့ ယင်းဂျန္နတ်သုခဘုံ၌ ၎င်းတို့၏စားသောက် ဖွယ်ရာများသည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း ၌လည်းကောင်း၊ ရှိချေအံ့သတည်း။
Hashim Tin Myint
သူတို့သည် ထိုသုခဘုံတွင် စလာမ်‌မေတ္တာပို့သခြင်းမှလွဲ၍ အကျိုးမဲ့စကားကို ကြားကြရမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ထိုသုခဘုံတွင် သူတို့၏ စား‌သောက်ဖွယ်ရာများသည် နံနက်နှင့်ည‌နေတွင် ရှိလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek