Quran with Burmese translation - Surah Maryam ayat 7 - مَريَم - Page - Juz 16
﴿يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيّٗا ﴾
[مَريَم: 7]
﴿يازكريا إنا نبشرك بغلام اسمه يحيى لم نجعل له من قبل سميا﴾ [مَريَم: 7]
Ba Sein ၇။ အို-ဇကရီယာ၊ မှတ်သားလော့၊ ငါအရှင်မြတ်သည် သင့်အား ယဟာယခေါ် သားကောင်းရတနာတပါး ပေးသနား တော်မူမည့်အကြောင်းသတင်းကောင်းကို ဗျာဒိတ်ချတော်မူပြီ၊ ငါသည် ထိုအမည်နာမကို အထက်ကျော်ကာလက မည်သူ့ကိုမျှ ပေးဘူးတော်မမူချေဟု ဗျာဒိတ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။ |
Hashim Tin Myint အို- ဇကရိယာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်*ရှိသော သားရတနာတစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပေးတော်မူသည်။ ငါအရှင်မြတ်သည် ထိုအမည်မျိုးကို ယခင်က မည်သူ့ကိုမှ ထားမပေးခဲ့ပေ။ |