×

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ပင် ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို မွတ္တကီ (အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် 19:97 Burmese translation

Quran infoBurmeseSurah Maryam ⮕ (19:97) ayat 97 in Burmese

19:97 Surah Maryam ayat 97 in Burmese (البورمية)

Quran with Burmese translation - Surah Maryam ayat 97 - مَريَم - Page - Juz 16

﴿فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لِتُبَشِّرَ بِهِ ٱلۡمُتَّقِينَ وَتُنذِرَ بِهِۦ قَوۡمٗا لُّدّٗا ﴾
[مَريَم: 97]

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ပင် ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို မွတ္တကီ (အရှင့်စည်းမျဉ်း တော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် ယင်းမှတစ်ဆင့် သတင်း ကောင်းပါးတော်မူရန်လည်းကောင်း၊ ရန်လိုမုန်းတီးမှု၌သာ ရောင့်ရဲစွာနေထိုင်ကြသူတို့အား ယင်းဖြင့် သတိပေးနှိုးဆော် တော်မူရန် အတွက်လည်းကောင်း၊ (ဖတ်ရွတ်မှုနှင့်နားလည်သဘောပေါက်ရာတွင်) လွယ် ကူချောမောစေတော်မူ လျက် အသင်၏ဘာသာစကားဖြင့်သာ ချမှတ်ပေးအပ်တော်မူ၏။

❮ Previous Next ❯

ترجمة: فإنما يسرناه بلسانك لتبشر به المتقين وتنذر به قوما لدا, باللغة البورمية

﴿فإنما يسرناه بلسانك لتبشر به المتقين وتنذر به قوما لدا﴾ [مَريَم: 97]

Ba Sein
၉၇။ အို-တမန်တော်၊ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို လွယ်လင့်တကူနားလည်စေရန်၊ သင်၏ ဘာသာစကား ဖြင့် ထုတ်ပြန်ချပေးသနားတော်မူ၏။ ထိုကျမ်းတော်သည် ဒုစရိုက်မကောင်းမှုကို ရွံရှာမုန်းတီး၍ ရှောင်ကြဉ် သူတို့အား အကျိုးသုခရမည့်သတင်းကောင်းကိုသော်လည်းကောင်း၊ ဆိုဆုံးမ၍ မရသူတို့အား အပြစ်ဒုက္ခခံရမည့် သတင်းဆိုးကိုသော်လည်းကောင်း၊ ပေးဖို့ရာဖြစ်၏။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည်ပင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အသင်၏ဘာသာစကားဖြင့် လွယ်ကူအောင် ပြုလုပ်တော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်သည်ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် မွတ္တကီသူတော်စင်တို့အားသတင်းကောင်းပြောကြားခြင်းကိုလည်းကောင်း၊ စကားအငြင်းပွားအားကြီးသောအမျိုးသားတို့အား ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ဖြင့် သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုနိုင်မည် ဖြစ်ပေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်ကပင် ထို(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို အသင်၏ဘာသာစကားနှင့် လွယ်ကူ‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ (မည်သည့်အတွက်‌ကြောင့်ဆိုလျှင်) အသင်သည် ထိုအရာနှင့် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို သတင်း‌ကောင်း‌ပေးရန်နှင့် ‌စောဒက အတက်သန်သည့်အမျိုးသားများကို ထိုအရာနှင့် သတိ‌ပေးနှိုး‌ဆော်မှု ပြုလုပ်နိုင်ရန်အတွက်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek