Quran with Burmese translation - Surah Al-Baqarah ayat 131 - البَقَرَة - Page - Juz 1
﴿إِذۡ قَالَ لَهُۥ رَبُّهُۥٓ أَسۡلِمۡۖ قَالَ أَسۡلَمۡتُ لِرَبِّ ٱلۡعَٰلَمِينَ ﴾
[البَقَرَة: 131]
﴿إذ قال له ربه أسلم قال أسلمت لرب العالمين﴾ [البَقَرَة: 131]
Ba Sein ၁၃၁။ သူ၏ အရှင်သခင်က အေ - အီဗရာဟီမ်၊ သင်သည် ငါ့အား ကျိုးနွံနာခံလော့ဟု ဗျာဒိတ် ပေးတော်မူသောအခါ သူသည် အကျွန်ုပ်သည် စကြဝဠာတို့၏အရှင်သခင်အား ကျိုးနွံပါပြီဟု တင်လျှောက်၏။ |
Ghazi Mohammad Hashim (ပြန်လည်အောက်မေ့သတိရကြကုန်လော့) အကြင်အခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို အလ္လာဟ် အရှင်မြတ်က [အို-အစ်ဗ်ရာဟီမ်(အ) အသင်သည် ငါအရှင်မြတ်၏]အမိန့်နာခံသူ (မုစ်လင်မ်) ဖြစ်ပါလေဟု မိန့်ကြားတော် မူခဲ့၏။ ထိုအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)က ကျွန်တော်မျိုးသည် ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းတို့က မွေးမြူတော် မူထသောအရှင်မြတ်၏ အမိန့်တော်ကို ကြည်ဖြူစွာ ခံယူပါပြီဟု တင်လျှောက် ခဲ့လေသတည်း။ |
Hashim Tin Myint တစ်ခါက (တမန်တော်)အိဗ်ရာဟီမ်ကို ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်က အမိန့်ရှိတော်မူခဲ့သည်၊ အသင်သည် အမိန့်နာခံသူ(မွတ်စ်လင်မ်)ဖြစ်လိုက်ပါ။ (တမန်တော်)အိဗ်ရာဟီမ်က ပြောခဲ့သည်၊ ကျွန်ုပ်သည် စကြဝဠာအားလုံးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို နာခံပြီးဖြစ်ပါသည်။ |