﴿وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٰهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُۥۚ وَلَقَدِ ٱصۡطَفَيۡنَٰهُ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ﴾
[البَقَرَة: 130]
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒနှင့်အညီအသုံးချ၍ မိမိကိုယ်ကို ငတုံးငအကဲ့သို့ လှည့်စားသူမှအပ အဘယ်သူက တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်မှ လှည့်ပြောင်း တိမ်းရှောင်သွားမည်နည်း။ ငါအရှင်မြတ်သည် သူ့ကို ငါအရှင်မြတ်၏ရင်းနှီးသော “မိတ်ဆွေအီဗ်ရာဟီးမ်” ဟု တင်စားခေါ်ဆို၍) ဤလောက ၌ ဖြူစင်ထူးကဲသူအဖြစ် ရွေးချယ်တော်မူခဲ့ပြီး နောင်တမလွန်၌လည်း ဖြောင့်မတ်မှန်ကန်သူများ၏စာရင်းဝင် တစ်ဦး ဧကန်မုချပင် ဖြစ်စေတော်မူလိမ့်မည်။
ترجمة: ومن يرغب عن ملة إبراهيم إلا من سفه نفسه ولقد اصطفيناه في, باللغة البورمية
﴿ومن يرغب عن ملة إبراهيم إلا من سفه نفسه ولقد اصطفيناه في﴾ [البَقَرَة: 130]