×

သူတို့၏ပမာကား (သဲကန္တာရထဲ၌ အပေါင်းအဖော်များနှင့်အတူခရီးသွားပြီး ညအချိန် ရပ်နားသည့်အခါဝယ် အလင်း၊ အနွေးဓါတ်နှင့်လုံခြုံမှုပေးရန်အတွက် မီးမွှေးလေ့ရှိသော) ယင်းမီး‌မွှေးသူကဲ့သို့ပင် ဖြစ်၏။ သူ၏ပတ်ပတ်လည်၌ မီးရောင်တောက်ပနေစဉ် 2:17 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:17) ayat 17 in Burmese

2:17 Surah Al-Baqarah ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 17 - البَقَرَة - Page - Juz 1

﴿مَثَلُهُمۡ كَمَثَلِ ٱلَّذِي ٱسۡتَوۡقَدَ نَارٗا فَلَمَّآ أَضَآءَتۡ مَا حَوۡلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمۡ وَتَرَكَهُمۡ فِي ظُلُمَٰتٖ لَّا يُبۡصِرُونَ ﴾
[البَقَرَة: 17]

သူတို့၏ပမာကား (သဲကန္တာရထဲ၌ အပေါင်းအဖော်များနှင့်အတူခရီးသွားပြီး ညအချိန် ရပ်နားသည့်အခါဝယ် အလင်း၊ အနွေးဓါတ်နှင့်လုံခြုံမှုပေးရန်အတွက် မီးမွှေးလေ့ရှိသော) ယင်းမီး‌မွှေးသူကဲ့သို့ပင် ဖြစ်၏။ သူ၏ပတ်ပတ်လည်၌ မီးရောင်တောက်ပနေစဉ် (သူ့အပေါင်းအဖော်များက သက်တောင့်သက်သာဖြင့် အနားယူနေစဉ် မီးမွှေး ခြင်း၏အကျိုးကို မခံစားနိုင်ရန် လေတိုက်၍ မီးငြိမ်းစေသကဲ့သို့) အလ္လာဟ်အရှင်မြတ်က (သူတို့၏) အလင်းကို သုတ်ယူလိုက်ပြီး သူတို့အား အမှောင်ထဲ၌ပင် ချန်ထားလိုက်သောကြောင့် သူတို့ (လမ်းမှန်ကို) မမြင်နိုင်ကြပေ။

❮ Previous Next ❯

ترجمة: مثلهم كمثل الذي استوقد نارا فلما أضاءت ما حوله ذهب الله بنورهم, باللغة البورمية

﴿مثلهم كمثل الذي استوقد نارا فلما أضاءت ما حوله ذهب الله بنورهم﴾ [البَقَرَة: 17]

Ba Sein
၁၇။ သူတို့၏ဥပမာကား မီးမွှေးသောသူနှင့်တူ၏ ထိုမီးသည် သူ၏ပတ်ဝန်းကျင် ထွန်းလင်းတောက်ပသော အခါ အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ရုပ်သိမ်းတော်မူ၏။ သူ့ကို မှောင်အတိတွင် ပစ်ထားတော် မူ၏။ ထို့ကြောင့် သူသည် ဘာမှ မမြင်ရပေ။
Ghazi Mohammad Hashim
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ပမာကို ဆိုရသော် လူတစ်ယောက်သည် (တခဲနက် မှောင်အတိ ကျနေသော ညဉ့်၌ လမ်းကို မြင်နိုင်ခြင်းငှာ) ဆီမီးကိုထွန်းညှိ၏။ ဆီမီးရောင်သည် ထိုသူ၏ပတ်ဝန်းကျင်ကို လင်းဝင်းစေ၏။ သို့လင်းဝင်းသည့်အခိုက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ အလင်းရောင်ကို နုတ်သိမ်းယူသွားပြီး ထိုသူတို့အား မှောင်တိုက်တွင်းဝယ် ပစ်ပယ်ထားတော်မူရာ ထိုသူတို့သည် တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြချေ။
Hashim Tin Myint
သူတို့၏ပမာသည် အကြင်သူနှင့်တူသည်၊ ထိုသူသည် မီးကို‌မွှေးခဲ့၏။ ထို့‌ကြောင့် ၎င်း၏အနီးအနားမှအရာများသည် အလင်း‌ရောင်ရရှိသွားခဲ့ကြ‌သောအခါ* အလ္လာဟ်အရှင်မြတ်သည် ထိုအလင်း‌ရောင်ကို ယူသွားလိုက်‌တော်မူသည်။ ထို့‌နောက် သူတို့အား အ‌မှောင်ထဲ၌ စွန့်လွှတ်ထားခဲ့လိုက်သည့်အ‌ပေါ် သူတို့သည် (မည်သည့်အရာကိုမျှ) မမြင်ကြရ‌တော့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek