Quran with Burmese translation - Surah Al-Baqarah ayat 183 - البَقَرَة - Page - Juz 2
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلصِّيَامُ كَمَا كُتِبَ عَلَى ٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ ﴾
[البَقَرَة: 183]
﴿ياأيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم﴾ [البَقَرَة: 183]
Ba Sein ၁၈၃။ အို - ယုံကြည်သူတို့၊ သင်တို့သည် ဒုစရိုက်အမှုအခင်းများကို ရှောင်ကြဉ်စေခြင်းငှာ သင်တို့ထက် ရှေးကျသောလူဟောင်းတို့အား ဥပုသ်သီတင်းကျင့်သုံးဆောက်တည်ရန် ပညတ်တော်မူသကဲ့သို့ သင်တို့လည်း ပညတ်တော်မူ၏။ |
Ghazi Mohammad Hashim အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများဖြစ်ကြရန်အတွက် အသင်တို့ မတိုင်မီသူများအပေါ်တွင် စွောင်မ် ဥပုသ်စောင့်ထိန်းမှု (အမိန့်တော်)ပြဋ္ဌာန်းခံခဲ့ရသကဲ့သို့ အသင်တို့အပေါ်တွင်လည်း စွောင်မ် ဥပုသ်စောင့်ထိန်းရန် (အမိန့်တော်)ပြဋ္ဌာန်းခံလိုက်ရပြီ ဖြစ်သည်။ |