×

ပုံသေတွက်ချက်ရေတွက်နိုင်သည့် နေ့ရက်များဖြစ်သော်လည်း သင်တို့အနက်မှ (ကျန်းမာရေး ချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ 2:184 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:184) ayat 184 in Burmese

2:184 Surah Al-Baqarah ayat 184 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 184 - البَقَرَة - Page - Juz 2

﴿أَيَّامٗا مَّعۡدُودَٰتٖۚ فَمَن كَانَ مِنكُم مَّرِيضًا أَوۡ عَلَىٰ سَفَرٖ فَعِدَّةٞ مِّنۡ أَيَّامٍ أُخَرَۚ وَعَلَى ٱلَّذِينَ يُطِيقُونَهُۥ فِدۡيَةٞ طَعَامُ مِسۡكِينٖۖ فَمَن تَطَوَّعَ خَيۡرٗا فَهُوَ خَيۡرٞ لَّهُۥۚ وَأَن تَصُومُواْ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴾
[البَقَرَة: 184]

ပုံသေတွက်ချက်ရေတွက်နိုင်သည့် နေ့ရက်များဖြစ်သော်လည်း သင်တို့အနက်မှ (ကျန်းမာရေး ချို့တဲ့၍ ဥပုသ် မဆောက်တည်နိုင်သည့် အခြေအနေရောက်နေသော) ရောဂါဝေဒနာရှင်ဖြစ်စေ၊ (လိုအပ်ချက်အရ ခရီးထွက်ရ၍) ခရီးစဉ်၌ ရှိနေသူဖြစ်စေ (ပျက်ကွက်ခဲ့သည့်နေ့ရက်များကို တွက်ချက်၍) သတ်မှတ်ပြဋ္ဌာန်းသော ရက်များနှင့်အညီ အခြား (အဆင်ပြေသည့်) နေ့ရက်များတွင် ဖြည့်စွက် (ဆောက်တည်) ရန်၊ (ထိုသို့ဖြည့်စွက် ရန်လည်း မစွမ်းဆောင်နိုင်သော) သူတို့အတွက် (သူတို့ တတ်နိုင်သည့်) ဖြည့်စွက် ပေးဆပ်မှုအဖြစ် ခိုကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူတစ်ဦးကို ကျွေးမွေးရန်ဖြစ်ပြီး မည်သူမဆို သူ၏စိတ်ဆန္ဒအရ (စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ကောင်းမြတ်သော) ကောင်းမှုတစ်ခုကို လုပ်ခဲ့သော် ယင်းသည် သူ့အတွက် ကောင်းပြီး အကယ်၍ သင်တို့သည် သိနားလည်သူများဖြစ်ကြလျှင် ဆွီယာမ်ဥပုသ် ဆောက်တည်ခြင်းမှာ သင်တို့အတွက် အကောင်းဆုံးဖြစ်၏။

❮ Previous Next ❯

ترجمة: أياما معدودات فمن كان منكم مريضا أو على سفر فعدة من أيام, باللغة البورمية

﴿أياما معدودات فمن كان منكم مريضا أو على سفر فعدة من أيام﴾ [البَقَرَة: 184]

Ba Sein
၁၈၄။ သင်တို့သည် သတ်မှတ်ထားသောနေ့ရက်များ၌ ဥပုသ်စောင့်ရမည်။ အကြင်သူသည် နာမကျန်း ဖြစ်၍သော်လည်းကောင်း၊ ခရီးသွားရ၍သော်လည်းကောင်း၊ ဥပုသ်မစောင့်နိုင်လျှင် ပျက်ကွက်သော နေ့များကို အခြားနေ့များနှင့် ဖြည့်စွက်ရမည်။ သို့သော် အကြင်သူသည် မိမိအလိုအလျောက် ကောင်းမှုပြု၏။ ထိုကောင်းမှုသည် ထိုသူအတွက် သာလွန်မွန်မြတ်၏။ ထို့ပြင် သင်တို့ကိုယ်တိုင် ဥပုသ်စောင့်ခြင်းသည် သင်တို့အတွက် သာလွန်ကောင်းမွန်၏။ သင်တို့သိကြလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
(အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက် စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက်တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ) သော် ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက် တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနား လည်သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သောအမှု) ပင် ဖြစ်ပေသတည်း။
Hashim Tin Myint
(‌စွောင်မ် ဥပုသ်‌စောင့်ထိန်းရမည့်ရက်များသည်) ‌ရေတွက်ထား‌သော ‌နေ့ရက်များသာဖြစ်သည်။* သို့ရာတွင် အသင်တို့ထဲမှ တစ်ဦးတစ်‌ယောက်သည် ‌ရောဂါ‌ဝေဒနာ‌ကြောင့် သို့မဟုတ် ခရီးထွက်‌နေ‌သော‌ကြောင့် (‌စွောင်မ် ဥပုသ် မ‌စောင့်ထိန်းဘဲ‌နေခဲ့လျှင်) ထိုသူ၏အ‌ပေါ်တွင် အခြားရက်များ၌ (သူပျက်ခဲ့သည့်)အ‌ရေအတွက်အတိုင်း ‌စောင့်ထိန်းရမည်ဖြစ်သည်။ ထို့ပြင် အကြင်သူများသည် ခဲယဉ်းစွာ ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းကြရလျှင်* ထိုသူမျာသည် (မ‌စောင့်နိုင်‌သော ‌စွောင်မ် ဥပုသ်တစ်ရက်၏အစား) ဆင်းရဲသားတစ်ဦးကို(တစ်ရက်)‌ကျွေး‌မွေးကြရမည်။ ထို့ပြင် အကြင်သူသည် (မိမိ၏အသိတရားဖြင့် ဖြူစင်‌သောစိတ်)‌စေတနာအ‌လျောက် ‌ကောင်းမှုတစ်ခုခုပြုလုပ်လျှင် ထိုအရာသည် သူ၏အတွက် ပို၍‌ကောင်းသည်။ ၎င်းပြင် (မတတ်စွမ်းနိုင်သူအတွက် အခွင့်ရှိ‌သော်ငြားလည်း ‌စောင့်ထိန်းခြင်း၏အကျိုးအာနိသင်ကို) အသင်တို့ သိနားလည်ခဲ့ကြလျှင် ‌စွောင်မ် ဥပုသ်‌စောင့်ထိန်းခြင်းသည် အသင်တို့အတွက် ပို၍‌ကောင်းသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek