Quran with Burmese translation - Surah Al-Baqarah ayat 185 - البَقَرَة - Page - Juz 2
﴿شَهۡرُ رَمَضَانَ ٱلَّذِيٓ أُنزِلَ فِيهِ ٱلۡقُرۡءَانُ هُدٗى لِّلنَّاسِ وَبَيِّنَٰتٖ مِّنَ ٱلۡهُدَىٰ وَٱلۡفُرۡقَانِۚ فَمَن شَهِدَ مِنكُمُ ٱلشَّهۡرَ فَلۡيَصُمۡهُۖ وَمَن كَانَ مَرِيضًا أَوۡ عَلَىٰ سَفَرٖ فَعِدَّةٞ مِّنۡ أَيَّامٍ أُخَرَۗ يُرِيدُ ٱللَّهُ بِكُمُ ٱلۡيُسۡرَ وَلَا يُرِيدُ بِكُمُ ٱلۡعُسۡرَ وَلِتُكۡمِلُواْ ٱلۡعِدَّةَ وَلِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡ وَلَعَلَّكُمۡ تَشۡكُرُونَ ﴾
[البَقَرَة: 185]
﴿شهر رمضان الذي أنـزل فيه القرآن هدى للناس وبينات من الهدى والفرقان﴾ [البَقَرَة: 185]
Ba Sein ၁၈၅။ ရမ်ဇာန်မည်သောလ၌ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်ကို ချပေးသနားတော်မူ၏။ ကျမ်းတော်သည် လူသားတို့အဖို့ရာစံနှုန်းလည်းဖြစ်၏။ သင်တို့အနက် မည်သူမဆို ရမ်ဇန်လနှင့် ကြံုကြိုက်ခဲ့မူ ဥပုသ်သီလကို စောင့်သုံးကြရမည်။ အကြင်သူသည် မကျန်းမမာဖြစ်သောကြောင့် လည်းကောင်း၊ ခရီးဝေးသွားလာရသောကြောင့်လည်းကောင်း၊ ဥပုသ်ပျက်ွက်ခဲ့လျှင် ထိုသူသည် ထိုပျက်ွက်သောနေ့များအစား အခြားနေ့များကို အစားထိုး၍ ဥပုသ်ဆောက်တည်ရမည်။ အလ္လာဟ် အရှင်မြတ်သည် သင်တို့အဖို့ လွယ်ကူခြင်းကို အလိုရှိတော်မူ၏။ ခဲယဉ်းခြင်းကို လိုလားတော်မမူချေ။ အရှင်မြတ်သည် သင်တို့ သတ်မှတ်ထားသော ကာလအပိုင်းအခြားကို ပြည့်စုံစွာ ဖြည့်ခြင်းကို လိုလားတော်မူ၏။ သင်တို့ကို လမ်းညွှန်တော်မူသောကြောင့် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို သင်တို့ချီးကျူးခြင်း၊ ကျေးဇူးတော်ကို သိတတ်ခြင်းတို့ကို လိုလားတော်မူ၏။ |
Ghazi Mohammad Hashim (ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်) ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ် လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေ ရာ အသင်တို့အနက်မှမည်သူမဆို ထို(ရမဿွာန်)လမြတ် နှင့်ကြုံ ကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လ ပတ်လုံး) ဥပုသ်သီတင်း ဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ် ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်း မမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက် များတွင် (မိမိပျက်ကွက် ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်)ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဖို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကိုကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တဝ (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေရန် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်ညွှန်ပြတော် မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်လည်းကောင်း (အလိုဆန္ဒ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင် မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။ |
Hashim Tin Myint ရမဿွန်လ*သည် ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့သည့်လ ဖြစ်သည်။ ထိုကျမ်းတော်သည် လူသားများအားလုံးအတွက် လမ်းမှန်ညွှန်ကြားပြသချက်၊ ၎င်းပြင် တရားလမ်းမှန်နှင့် အမှားအမှန် ခွဲခြားသိစေမှု၏ ထင်ရှားသည့်သက်သေလက္ခဏာများပင်ဖြစ်သည်။ ိသို့ဖြစ်ရာ အသင်ထဲမှ မည်သူမဆို ထိုလနှင့် ကြုံကြိုက်ခဲ့လျှင် ထိုသူသည် ထိုလတွင်(တစ်လလုံး)စွောင်မ် ဥပုသ်စောင့်ထိန်းရမည်။ ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် ရောဂါသည်ဖြစ်နေခြင်း သို့မဟုတ် ခရီးထွက်နေခြင်းကြောင့် (စွောင်မ် ဥပုသ် မစောင့်ထိန်းဘဲနေခဲ့လျှင်) ထိုသူ၏အပေါ်တွင် အခြားရက်များ၌ (သူပျက်ကွက်ခဲ့သည့်)အရေအတွက်နှင့်အမျှ စောင့်ထိန်းရမည်ဖြစ်သည်။ အရှင်မြတ်သည် အသင်တို့အတွက် လွယ်ကူမှုကိုသာ လိုလားတော်မူသည်။ အသင်တို့အတွက် ခက်ခဲမှုကို လိုလားတော်မမူပေ။ ထို့ပြင် အသင်တို့(ပျက်ကွက်ခဲ့သည့်နေ့ရက်) အရေအတွက်ကို ဖြည့်စေရန်နှင့် အရှင်မြတ်က အသင်တို့အား ညွှန်ကြားပြသထားသည့် နည်းလမ်းအတိုင်း အသင်တို့သည် ကြီးကျယ်မြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်အတွက်ဖြစ်သည်။ ၎င်းပြင် အသင်တို့ ကျေးဇူးတင်ကြရန်အတွက်လည်း ဖြစ်သည်။ |