Quran with Burmese translation - Surah Al-Baqarah ayat 188 - البَقَرَة - Page - Juz 2
﴿وَلَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ وَتُدۡلُواْ بِهَآ إِلَى ٱلۡحُكَّامِ لِتَأۡكُلُواْ فَرِيقٗا مِّنۡ أَمۡوَٰلِ ٱلنَّاسِ بِٱلۡإِثۡمِ وَأَنتُمۡ تَعۡلَمُونَ ﴾
[البَقَرَة: 188]
﴿ولا تأكلوا أموالكم بينكم بالباطل وتدلوا بها إلى الحكام لتأكلوا فريقا من﴾ [البَقَرَة: 188]
Ba Sein ၁၈၈။ ထို့ပြင် သင်တို့သည် မိမိတို့စည်းစိမ်ဥစ္စာများကို ဝါကြွား၍ အချည်းနှီးမသုံးစွဲကြလင့်။ အခြားသူများ၏ ဥစ္စာပစ္စည်းအချို့ကို မတရားသောနည်းဖြင့် ရရှိစေခြင်းငှာ တရားသူကြီးတို့အား လာဘ်ပေးဖို့ရာလည်း မသုံးစွဲကြလင့်။ |
Ghazi Mohammad Hashim အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန်လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း တစ်ဦး၏ပစ္စည်းကို တစ်ဦးက မတရားသည့်နည်းဖြင့် မစားသုံးကြနှင့်။ ထို့ပြင် သူတစ်ပါးတို့၏ပစ္စည်းအချို့ကို မတရားသည့်နည်းဖြင့်စားခြင်းသည် (မတရားမှုဖြစ်ကြောင်း) အသင်တို့သိပါလျက် အာဏာပိုင်များထံသို့ (တံစိုးလက်ဆောင်ပေးပြီး) ထိုအမှုကိစ္စကို မပို့ဆောင်ကြနှင့်။ |