×

(မတရားဖိနှိပ်ချုပ်ချယ်မှု၊ မတည်မငြိမ်ဖြစ်စေမှုနှင့်) ညှင်းပန်းမှု လုံးဝ ပပျောက် သန့်စင်သွားသည်အထိ (မတရားကျူးလွန်သူများကို) တော်လှန်တိုက်ခိုက်ပြီး ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ 2:193 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:193) ayat 193 in Burmese

2:193 Surah Al-Baqarah ayat 193 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 193 - البَقَرَة - Page - Juz 2

﴿وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ لِلَّهِۖ فَإِنِ ٱنتَهَوۡاْ فَلَا عُدۡوَٰنَ إِلَّا عَلَى ٱلظَّٰلِمِينَ ﴾
[البَقَرَة: 193]

(မတရားဖိနှိပ်ချုပ်ချယ်မှု၊ မတည်မငြိမ်ဖြစ်စေမှုနှင့်) ညှင်းပန်းမှု လုံးဝ ပပျောက် သန့်စင်သွားသည်အထိ (မတရားကျူးလွန်သူများကို) တော်လှန်တိုက်ခိုက်ပြီး ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုရရန် အတွက်သာ ဖြစ်စေကြလော့။ အကယ်၍ သူတို့သည် မတရား ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှင်းပန်းမှုကို ရပ်စဲကြလျှင် စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်လုပ်သူများမှအပ မည်သူ့ကိုမျှ ကျူးကျော် ရန်စစရာ အကြောင်းမရှိပေ။

❮ Previous Next ❯

ترجمة: وقاتلوهم حتى لا تكون فتنة ويكون الدين لله فإن انتهوا فلا عدوان, باللغة البورمية

﴿وقاتلوهم حتى لا تكون فتنة ويكون الدين لله فإن انتهوا فلا عدوان﴾ [البَقَرَة: 193]

Ba Sein
၁၉၃။ သင်တို့သည် နှိပ်စက်ညှဉ်းပန်းခြင်း၊ ဘေးအန္တရာယ် ပျောက်ကင်းသည့်တိုင်အောင် သူတို့အား တိုက်ခိုက်ကြလော့။ အရှင်မြတ်၏ သာသနာတော်ကြီးတည်ရှိသည့်တိုင်အောင် တိုက်ခိုက်ကြလော့။ သို့သော် သူတို့သည် စစ်ကို ရပ်တန့်လျှင် မတရားပြုသူတို့မှတပါး အခြားသူတို့နှင့် စစ်မခင်းကြလင့်။
Ghazi Mohammad Hashim
ထို့အပြင်တဝအသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (ဝါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။
Hashim Tin Myint
ထို့ပြင် လမ်းမှားမှု(တုဖက်ကိုးကွယ်မှု) ပ‌ပျောက်ပြီး သာသနာသည် အလ္လာဟ်အတွက်ဖြစ်သွားသည်အထိ* အသင်တို့သည် သူတို့အား တိုက်ခိုက်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့သည် ရပ်စဲခဲ့ကြလျှင် မတရားညှဉ်းပန်းနှိပ်စက်သူများ‌ပေါ်မှလွဲ၍ မည်သူ့အ‌ပေါ်၌မျှ ကျူး‌ကျော်‌စော်ကားမှု(ရန်ငြိုး)မရှိရ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek