Quran with Burmese translation - Surah Al-Baqarah ayat 207 - البَقَرَة - Page - Juz 2
﴿وَمِنَ ٱلنَّاسِ مَن يَشۡرِي نَفۡسَهُ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِۚ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ ﴾
[البَقَرَة: 207]
﴿ومن الناس من يشري نفسه ابتغاء مرضات الله والله رءوف بالعباد﴾ [البَقَرَة: 207]
Ba Sein ၂ဝ၇။ တဖန် လူသားတို့အနက် မိမိကိုယ်ကို အရင်းအနှီးပြုပြီးလျှင် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော် မူခြင်းကို ရှာမှီးသူလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကို သနား ကြင်နာတော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင်တဝ လူတို့အနက် အချို့သည် အလ္လာဟ် အရှင်မြတ် နှစ်မြို့တော်မူခြင်းကို ရစိမ့် သောငှာ မိမိ၏အသက်ကိုပင် စွန့်လှူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန်ချစ်ကြင် သနားတော်မူသောအရှင် ဖြစ်တော်မူ၏။ |
Hashim Tin Myint ထို့ပြင် လူများတွင် အချို့သည် အလ္လာဟ်အရှင်မြတ်၏ သဘောတူနှစ်သက်မှုကို ရလိုသည့်အတွက် ထိုသူ၏အသက်ကိုရောင်းချ(စွန့်လှူ)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ထို)ကျွန်များကို အလွန်ကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |