×

အို၊ လူသားအပေါင်းတို့၊ သင်တို့နှင့်သင်တို့၏အလျင် ရှေးခေတ်လူသားတို့အား (လူ့သဘောသဘာဝနှင့် လူ့သက်သေခံများ ချီးမြှင့်ပေးအပ်လျှက်) ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော သင်တို့၏အရှင်သခင် (အလ္လာဟ်အရှင်မြတ်) ကို 2:21 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:21) ayat 21 in Burmese

2:21 Surah Al-Baqarah ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 21 - البَقَرَة - Page - Juz 1

﴿يَٰٓأَيُّهَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِي خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ ﴾
[البَقَرَة: 21]

အို၊ လူသားအပေါင်းတို့၊ သင်တို့နှင့်သင်တို့၏အလျင် ရှေးခေတ်လူသားတို့အား (လူ့သဘောသဘာဝနှင့် လူ့သက်သေခံများ ချီးမြှင့်ပေးအပ်လျှက်) ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော သင်တို့၏အရှင်သခင် (အလ္လာဟ်အရှင်မြတ်) ကို ခဝပ်နာခံကိုးကွယ်ကြလော့။ သို့မှသာ (အရှင့်လမ်းစဉ်နှင့်အရှင့်အကာအကွယ်ကို ရရှိစေမည့်) မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာသူ) များ ဖြစ်ရာ၏။ (သို့ဖြစ်၍ ဤလောကနှင့်တမလွန်တွင် ဆိုးကျိုးဖြစ်စေသည့် သွေဖည်မှုဟူသမျှကို ရှောင်ကြဉ်ကြလော့။)

❮ Previous Next ❯

ترجمة: ياأيها الناس اعبدوا ربكم الذي خلقكم والذين من قبلكم لعلكم تتقون, باللغة البورمية

﴿ياأيها الناس اعبدوا ربكم الذي خلقكم والذين من قبلكم لعلكم تتقون﴾ [البَقَرَة: 21]

Ba Sein
၂၁။ အေ လူသားတို့ သင်တို့သည် သင်တို့၏ အရှင်သခင်အား ကိုးကွယ်ကြလော့။ အရှင်မြတ်သည် သင်တို့နှင့်သင်တို့ထက်ရှေးကျသောသူများကို ဖန်ဆင်းတော်မူ၏။ သို့မှသာ သင်တို့သည် မကောင်းမှု ကို ဖယ်ရှားပစ်မည်။
Ghazi Mohammad Hashim
အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။
Hashim Tin Myint
အို-လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်ကို ‌ကြောက် ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများဖြစ်ကြရန်အတွက် ခဝပ်ကိုးကွယ်ကြပါ။ ထိုအရှင်သည် အသင်တို့ကိုသာမက အသင်တို့မတိုင်မီရှိသူများကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek