Quran with Burmese translation - Surah Al-Baqarah ayat 213 - البَقَرَة - Page - Juz 2
﴿كَانَ ٱلنَّاسُ أُمَّةٗ وَٰحِدَةٗ فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلۡكِتَٰبَ بِٱلۡحَقِّ لِيَحۡكُمَ بَيۡنَ ٱلنَّاسِ فِيمَا ٱخۡتَلَفُواْ فِيهِۚ وَمَا ٱخۡتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ بَغۡيَۢا بَيۡنَهُمۡۖ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُواْ لِمَا ٱخۡتَلَفُواْ فِيهِ مِنَ ٱلۡحَقِّ بِإِذۡنِهِۦۗ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٍ ﴾
[البَقَرَة: 213]
﴿كان الناس أمة واحدة فبعث الله النبيين مبشرين ومنذرين وأنـزل معهم الكتاب﴾ [البَقَرَة: 213]
Ba Sein ၂၁၃။ လူသားတို့သည် အစကနဦးက တသင်းတမျိုးတည်းသာဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ ထံသို့ တမန်တော်များကို ဝမ်းမြောက်ဘွယ်သောသတင်းကောင်းပေးသူ စေလွှတ်တော်မူ၏။ ထို့ပြင် လူသားအချင်းချင်း ကွဲပြားငြင်းခုံချက်များကို ဆုံးဖြတ်ဖို့ရာကျမ်းတော်ကို တမန်တော်များနှင့်အတူ တကွ ချပေးသနားတော်မူ၏။ ကျမ်းတော်ကို ရရှိသူများသည် ထင်ရှားရှင်းလင်းသော သက်သေ သာဓကများရရှိပြီးနောက် အချင်းချင်းမုန်းတီးခြင်းကြောင့် တရားတော်နှင့်ပတ်သက်၍ ကွဲပြားခြားနား ကြ၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်အားဖြင့်ယုံကြည်သူတို့အား ထိုကွဲပြား ခြားနားမှုတွင် အမှန်ဘက်သို့ ညွှန်ပြတော်မူ၏။ အရှင်မြတ်သည် အလိုတော်ရှိသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။ |
Ghazi Mohammad Hashim လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တဝ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိချေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကို ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။ |
Hashim Tin Myint လူသားအားလုံးသည်(မူလက) အုပ်စုတစ်စုတည်းသာဖြစ်ခဲ့ကြသည်။* ထို့နောက် (ကာလကြာရှည်လာသည့်အခါ စိတ်ဓာတ်များမတူတော့ဘဲ အယူများကွဲလာသည့် အပေါ်တွင်) အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များကို (လူသားများထံသို့) သတင်းကောင်းပေးသူများအဖြစ်နှင့် သတိပေးနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူခဲ့သည်။ အရှင်မြတ်သည် ထိုနဗီများနှင့်အတူ လူများကြားထဲတွင် အချင်းချင်းကွဲလွဲနေကြသည့်အရာ(ကုဖ်ရ်နှင့်အီမာန်)နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ပေးတော်မူရန်အတွက် မှန်ကန်သည့်ကျမ်းကိုလည်း ချပေးတော်မူခဲ့သည်။ ထို့ပြင် ထိုကျမ်းဂန်နှင့်ပတ်သက်၍ မည်သူမျှ ကွဲလွဲမှုမရှိကြပေ၊ သို့ရာတွင် ထိုကျမ်းဂန်ကို ရရှိသည့်သူများသာ သူတို့ထံကို ထင်ရှားသည့်သက်သေလက္ခဏာများ ရောက်ရှိလာပြီးသည့်နောက်တွင် သူတို့အချင်းချင်း မလိုမုန်းတီးမှုကြောင့် ထိုကျမ်းဂန်နှင့်ပတ်သက်၍ ကွဲလွဲလာကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အမိန့်တော်နှင့် အီမာန်ယုံကြည်သူများကို သူတို့ ကွဲလွဲသည့်အရာနှင့်ပတ်သက်၍ အမှန်တရားကို ညွှန်ကြားပြသတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူအား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြားပြသတော်မူသည်။ |