×

သူတို့သည် ရာသီပန်းအကြောင်းနှင့်စပ်လျဉ်း၍လည်း အသင့်ကို မေးခဲ့ကြ၏။ “ယင်းသည် အနည်းငယ် (နာကျင်မှုနှင့်ညစ်ပေမှုကို ခံစားရသည့်) နာမကျန်းမှုပင် ဖြစ်၏။ ရာသီပန်းပွင့်ချိန်တွင် (သူမတို့) 2:222 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:222) ayat 222 in Burmese

2:222 Surah Al-Baqarah ayat 222 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 222 - البَقَرَة - Page - Juz 2

﴿وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذٗى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِي ٱلۡمَحِيضِ وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَۖ فَإِذَا تَطَهَّرۡنَ فَأۡتُوهُنَّ مِنۡ حَيۡثُ أَمَرَكُمُ ٱللَّهُۚ إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ ﴾
[البَقَرَة: 222]

သူတို့သည် ရာသီပန်းအကြောင်းနှင့်စပ်လျဉ်း၍လည်း အသင့်ကို မေးခဲ့ကြ၏။ “ယင်းသည် အနည်းငယ် (နာကျင်မှုနှင့်ညစ်ပေမှုကို ခံစားရသည့်) နာမကျန်းမှုပင် ဖြစ်၏။ ရာသီပန်းပွင့်ချိန်တွင် (သူမတို့) ပြန်လည် သန့်စင်သည်အထိ (သင်တို့၏တရားဝင်လက်ထပ်ထားသော) အမျိုးသမီးများထံ မချဉ်းကပ်ကြလေနှင့်။ သူမတို့သည် သန့်စင်လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်က သင်တို့အား မိန့်တော်မူသည့်အတိုင်း (အရှင့် စည်းမျဉ်းတော် များနှင့်အညီပြုမူကျင့်ကြံ၍ ဆက်ဆံ) ချဉ်းကပ်ကြလော့။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် နောင်တဖြင့် အရှင့်ဘက်လှည့်သူများနှင့်အတူ သန့်ရှင်းစင်ကြယ်သူများကိုလည်း အလွန်ပင် ကြိုက်နှစ်သက်တော်မူ၏။

❮ Previous Next ❯

ترجمة: ويسألونك عن المحيض قل هو أذى فاعتزلوا النساء في المحيض ولا تقربوهن, باللغة البورمية

﴿ويسألونك عن المحيض قل هو أذى فاعتزلوا النساء في المحيض ولا تقربوهن﴾ [البَقَرَة: 222]

Ba Sein
၂၂၂။ အို - မုဟမ္မဒ်၊ သူတို့သည်သင့်ထံမိန်းမတို့၏ ရာသီပန်းအကြောင်းကို စုံစမ်းမေးမြန်းကြ၏။ သင် ဟောကြားလော့။ ထိုရာသီပန်းသည် မကန်းမာမှုတစ်ခုဖြစ်၏။ ရာသီလာသောအခါ သူတို့ သန့်ရှင်း လာသည့်တိုင်အောင် မိန်းမတို့ကို မချဉ်းကပ်ကြလင့်။ သူတို့သန့်ရှင်းလာသောအခါ အလ္လာဟ် အရှင်မြတ် ပညတ်တော်မူသည့်အတိုင်း သူတို့ထံဝင်ကြလော့။ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ် မိမိအား ဆည်းကပ်သူတို့ကို နှစ်သက်တော်မူ၏။ သန့်ရှင်းစင်ကြယ်ခြင်းကို သတိပြုသူတို့ကိုလည်း နှစ်သက်တော်မူ၏။
Ghazi Mohammad Hashim
ထိုမှတပါးတုံ၊ (အို-နဗီတမန်တော်) အသင့် အား ထိုသူတို့သည် ရာသီပန်းပွင့်ခြင်း အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကြ၏။ အသင်သည် (ထိုသူတို့ အားဤသို့)ဖြေကြား ပါလေ။ ထို(ရာသီပန်းပွင့်ခြင်း)သည် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သောအညစ်အကြေး တစ်မျိုးပင်ဖြစ်ချေသည်။ သို့ဖြစ်ရာ ရာသီပန်းပွင့် သည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများ နှင့် (ကာယသံသဂ္ဂပြုခြင်းမှ) ခွဲခွာ၍နေကြလေကုန်၊ ၎င်းပြင် ထိုဇနီးမိန်းမများ သန့်စင်လာကြသည့်တိုင်အောင် အသင်တို့ သည် ထိုဇနီးမိန်းမများထံသို့ မချဉ်းကပ်ကြကုန်လင့်။ သို့ရာတွင် ထိုဇနီးမိန်းမများ(ကောင်းစွာ)သန့်စင်လာကြသော အခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ရှိထား တော်မူသည်နှင့်အညီ ထိုဇနီးမိန်းမများထံသို့ ချဉ်းကပ်ကြကုန်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (မေ့မှားမှုကို) ဝန်ချ တောင်းပန်သောသူများကို ချစ်နှစ်သက်တော်မူ၏။ ထို့အတူ ထိုအရှင်မြတ်သည်သန့်ရှင်းစင်ကြယ် သောသူများကိုလည်း ချစ်နှစ်သက်တော်မူ၏။
Hashim Tin Myint
ထို့ပြင် သူတို့က အသင်(တမန်‌တော်)အား ဓမ္မတာရာသီလာခြင်းနှင့် ပတ်သက်၍(လာ‌ရောက်) ‌မေးမြန်းကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ ထိုအရာသည် (ရွံရှာဖွယ်ရာ) အညစ်အ‌ကြေးတစ်မျိုးဖြစ်သည်။ သို့ဖြစ်ရာ ဓမ္မတာရာသီလာသည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများနှင့် (ကာမ ဆက်ဆံမှုမပြုဘဲ) ခွဲခွာ၍‌နေကြပါ။* ထို့ပြင် အသင်တို့သည် ထိုဇနီးမိန်းမများ သန့်စင်မှုမဖြစ်သမျှ သူတို့အနီးသို့(ကာမ ဆက်ဆံရန်)မချဉ်းကပ်ကြနှင့်။ ထို့‌နောက် သူတို့သည် သန့်စင်လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အမိန့်‌ပေးထားသည့်‌နေရာမှ သူတို့ထံသို့ အသင်တို့ (ကာမ ဆက်ဆံရန်) ချဉ်းကပ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဝန်ချ‌တောင်းပန် (ပြီး အရှင်မြတ်ဘက် အလွန်လှည့်‌သော)သူများအား နှစ်သက်‌တော်မူသည်။ ၎င်းပြင် သန့်ပြန့်စင်ကြယ်‌သောသူများအားလည်း နှစ်သက်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek