Quran with Burmese translation - Surah Al-Baqarah ayat 223 - البَقَرَة - Page - Juz 2
﴿نِسَآؤُكُمۡ حَرۡثٞ لَّكُمۡ فَأۡتُواْ حَرۡثَكُمۡ أَنَّىٰ شِئۡتُمۡۖ وَقَدِّمُواْ لِأَنفُسِكُمۡۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُم مُّلَٰقُوهُۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ﴾
[البَقَرَة: 223]
﴿نساؤكم حرث لكم فأتوا حرثكم أنى شئتم وقدموا لأنفسكم واتقوا الله واعلموا﴾ [البَقَرَة: 223]
Ba Sein ၂၂၃။ သင်တို့၏ ဇနီးမိန်းမများသည် သင်တို့ထွန်ယက်စိုက်ပျိုးဖို့ရာ လယ်ယာမြေတည်း။ သို့ဖြစ်၍ သင်တို့သည် မိမိတို့လယ်ယာမြေသို့ မိမိတို့အလိုဆန္ဒရှိသည့်အတိုင်း သွားကြလော့။ သင်တို့သည် မိမိတို့အဘို့အရာ ကောင်းသော ကုသိုလ်မှုများကို ကြိုတင်ပို့ထားကြနှင့်လော့။ အလ္လာဟ် အရှင်မြတ် အား ကြောက်ရွံ့ရိုကျိုးကြလော့။ သင်တို့သည် နေ့တစ်နေ့၌ အလ္လာဟ်အရှင်မြတ်အား မျက်ဝါး ထင်ထင် ဖူးမြင်ရမည်ကို မှတ်ထားကြလော့။ အို - မုဟမ္မဒ်၊ သင်သည် ယုံကြည်သူတို့အား ဝမ်းမြောက် ဖွယ်သော သတင်းကောင်းကို ပေးကြလော့။ |
Ghazi Mohammad Hashim အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ(ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ် ယာများသို့ မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး)ကြကုန်။ ထို့ပြင် အသင်တို့သည်(နောင်ရေးကို ရှေ့ ရှုကာ) မိမိတို့အကျိုးအလို့ငှာ(ကောင်းမှုကုသိုလ်များကို) တင်ကြို ၍ ပို့ဆောင်(ပြုလုပ်)ကြကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် အသင်တို့သည် ထို အရှင်မြတ်၏ရှေ့တော်မှောက်သို့ မုချဝင်ရောက် ကြရမည့်သူ များဖြစ်သည်ကိုလည်း မှတ်ယူကြကုန်၊ ထို့ပြင်(အို-နဗီ) အသင် သည် ယုံကြည်ခြင်းသဒ္ဓါ တရားနှင့်ပြည့်စုံသော မုအ်မင်န် တို့အား ဝမ်းမြောက်ဘွယ်ရာသတင်းကို ပြောကြားပါလေ။ |
Hashim Tin Myint အသင်တို့၏ဇနီးမိန်းမများသည် အသင်တို့အတွက် လယ်ယာမြေဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏လယ်ယာများကို အသင်တို့ကြိုက်သည့်နည်း*ဖြင့် (ထွန်ယက်စိုက်ပျိုး) သွားလာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အတွက် (ကောင်းမှု)ကြိုတင်ပို့ဆောင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်နှင့် တွေ့ဆုံရမည်ဆိုသည်ကိုလည်း သိရှိ(ယုံကြည်)ထားကြပါ။ ထို့နောက် အသင်သည် အီမာန်ယုံကြည်သူများအား သတင်းကောင်းပေးလိုက်ပါ။ |