×

(ထိုစောင့်ဆိုင်းကာလအတွင်း၌) သင်တို့က ထိုအမျိုးသမီးများကို ထိမ်းမြားရန် ကမ်းလှမ်းခြင်း သို့မဟုတ် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ 2:235 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:235) ayat 235 in Burmese

2:235 Surah Al-Baqarah ayat 235 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 235 - البَقَرَة - Page - Juz 2

﴿وَلَا جُنَاحَ عَلَيۡكُمۡ فِيمَا عَرَّضۡتُم بِهِۦ مِنۡ خِطۡبَةِ ٱلنِّسَآءِ أَوۡ أَكۡنَنتُمۡ فِيٓ أَنفُسِكُمۡۚ عَلِمَ ٱللَّهُ أَنَّكُمۡ سَتَذۡكُرُونَهُنَّ وَلَٰكِن لَّا تُوَاعِدُوهُنَّ سِرًّا إِلَّآ أَن تَقُولُواْ قَوۡلٗا مَّعۡرُوفٗاۚ وَلَا تَعۡزِمُواْ عُقۡدَةَ ٱلنِّكَاحِ حَتَّىٰ يَبۡلُغَ ٱلۡكِتَٰبُ أَجَلَهُۥۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ مَا فِيٓ أَنفُسِكُمۡ فَٱحۡذَرُوهُۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَفُورٌ حَلِيمٞ ﴾
[البَقَرَة: 235]

(ထိုစောင့်ဆိုင်းကာလအတွင်း၌) သင်တို့က ထိုအမျိုးသမီးများကို ထိမ်းမြားရန် ကမ်းလှမ်းခြင်း သို့မဟုတ် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ (သူတို့ကို ထိမ်းမြားမည့်အကြောင်း) လျှို့ဝှက်မျိုသိပ်ထား ခြင်းအတွက် သင်တို့အပေါ် အပြစ်မထိုက်ပေ။ မကြာခင် သင်တို့သည် (စိတ်နှလုံးသားများထဲ၌ အဘယ်မျှ မျိုသိပ်ထားသည်ကို) သူမတို့အား ဖွင့်ပြောလိမ့်မည်ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိနေတော်မူ၏။ သို့သော် သူမတို့နှင့်တရားတော်အရ ခွင့်ပြုထားသော ကောင်းမြတ်သည့် အပြောအဆိုများမှအပ (တိတ်တိတ်ပုန်း လျှို့ဝှက်တွေ့ဆုံ၍) ကတိကဝတ်နှင့်မက်လုံးများပေး၍ မနှောင်ဖွဲ့ကြလေနှင့်။ ကျမ်းတော်က သတ်မှတ်ပြဌာန်းထားသည့် စောင့်ဆိုင်းကာလကို အပြီးသတ်စောင့်နိုင်ပြီးသည်အထိ ထိမ်းမြားမှု၏အနှောင်အဖွဲ့ကို အတည်မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏စိတ်နှလုံးသားများထဲ၌ ရှိနေသည့် (အတွေး၊ အကြံအစည်၊ ကြိုတင်စီစဉ်မှု၊ စီမံကိန်း စသော) အရာဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသောကြောင့် (အရှင်မြတ်အရေးယူတော်မူနိုင်ကြောင်း အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ) သတိထား၍ တွေးတောလျှက် (အရှင့်ထံ ခွင့်လွတ်ခွင့်တောင်းခံကြ) လျှင် “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိ သူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်း ပေးတော်မူပြီး စာနာထောက်ထားတော်မူသောအရှင်ဖြစ်ကြောင်း” ကို နှလုံးသွင်းသိထားကြလော့။

❮ Previous Next ❯

ترجمة: ولا جناح عليكم فيما عرضتم به من خطبة النساء أو أكننتم في, باللغة البورمية

﴿ولا جناح عليكم فيما عرضتم به من خطبة النساء أو أكننتم في﴾ [البَقَرَة: 235]

Ba Sein
၂၃၅။ သင်တို့သည် ထိုမိန်းမများနှင့်လက်ထပ်ရန် ကြောင်းလမ်းထားခြင်းကို လူသိရှင်ကြားကြေညာသော် လည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်ထားသော်လည်းကောင်း သင်တို့၌ အပြစ်မသင့်ပေ။ အလ္လာဟ် အရှင်မြတ်သည် သင်တို့ ထိုမိန်းမများကို အာရုံပြုသည့်အကြောင်းကိုသိမြင်တော်မူ၏။ သို့သော် သင်တို့သည် မိန်းမများအား လက်ထပ်ဖို့ရာစကားဆိုသောအခါ ထုံးစံရှိသည့်အတိုင်းပြောဆိုလေ့ စကားများကိုသာ သုံးစွဲ၍ကတိသစ္စာပြုကြလော့။ အခြားစကားများကိုမသုံးကြလင့်။ မိန်းမများ စောင့်ဆိုင်းအပ်သောအချိန်ကာလမတိုင်မီ လက်ထပ်ခြင်းကို မပြုကြလင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့စိတ်တွင်းရှိသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသည်ကို သင်တို့မှတ်သားကြလော့။ အလ္လာဟ် အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ ထောက်ထားညှာတာတော်မူသောအရှင်ဖြစ်တော် မူသည်ကို သင်တို့သိကြလော့။
Ghazi Mohammad Hashim
ထို့ပြင်တဝ (အစ်ဒ်ဒတ် အတွင်းရှိနေသော) မုဆိုးမများအား (ထိမ်းမြားရန်) စေ့စပ်ကြောင်းလမ်း ခြင်းနှင့် စပ်လျဉ်း၍ စကားရိပ်စကား>မက် ပြောဆိုခြင်း၌လည်းကောင်း၊ သို့တည်း မဟုတ် (ထိမ်းမြားလိုသော ဆန္ဒကို) မိမိတို့စိတ်နှလုံး များတွင် လျှို့ဝှက်မျိုသိပ် ထားခြင်း၌လည်းကောင်း၊ အသင် တို့အပေါ်ဝယ် တစ်စုံတစ်ရာမျှ အပြစ်မရှိချေ။ အသင်တို့သည် မကြာမြင့်မီ ယင်းမိန်းမများ၏အကြောင်းကို ထုတ်ဖော်ပြော ဆိုကြမည်ကို အလ္လာဟ်အရှင်မြတ်သည် သိပြီးဖြစ်တော်မူ သည်။ သို့ရာတွင် အသင်တို့သည် (စကားရိပ်အားဖြင့်) ယဉ် ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်းမှအပ (ထိမ်းမြားရန် အကြောင်းနှင့်စပ်လျဉ်း၍) ထိုမိန်းမများ နှင့် တီးတိုးလျှို့ဝှက်စွာ မျှပင် ကတိမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် (ထို မိန်းမများအဘို့) ပြဋ္ဌာန်းပြီးဖြစ်သော (အစ်ဒ်ဒတ်) ရက်ပိုင်း ကာလ ပရိစ္ဆေဒ မကုန်ဆုံးမီ ထိမ်းမြားခြင်းတည်းဟူသော မင်္ဂလာအထုံးအဖွဲ့ကို အတည်မဖွဲ့ကြကုန်လင့်။ ထိုမှတပါး အသင်တို့၏စိတ်တွင် (မျိုသိပ်ထားရှိ သော) အကြောင်းအရာ ခပ်သိမ်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် သိရှိ တော်မူသည်ကို ယုံကြည်မှတ်ယူကြ၍ ထိုအရှင်မြတ်အား ကြောက်ရွံ့ကြကုန်လော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ ဆိုင်းငံ့ထောက်ထား တော်မူ သောအရှင်၊ ဖြစ်တော်မူသည်ကိုလည်း ယုံကြည်မှတ်ယူကြကုန် လော့။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် (အိဒ်ဒသ်‌စောင့်ဆိုင်း‌နေသည့်) မုဆိုးမများကို ‌စေ့စပ်စကားအရိပ်အ‌ခြေ‌ပြောဆိုခြင်း၊ သို့မဟုတ် (အရိပ်အ‌ခြေမ‌ပြောဘဲ) အသင်တို့ စိတ်ထဲ၌ပင် (လက်ထပ်မည့်ကိစ္စ) သိုဝှက်ထားခြင်းတွင် အသင်တို့အ‌ပေါ်၌ မည်သည့်အပြစ်မျှ မရှိ‌ပေ။ အသင်တို့သည် ထိုမုဆိုးမများအ‌ကြောင်းကို ‌ပြောဖြစ်ကြလိမ့်မည်ဆိုသည်ကို* အလ္လာဟ်အရှင်မြတ် သိပြီးဖြစ်‌တော်မူသည်။ သို့ရာတွင် အသင်တို့သည် ‌ကောင်းမွန်သည့် စကား‌ပြောဆိုခြင်းမှလွဲ၍ အပြန်အလှန် လျှို့ဝှက်စွာ ကတိပြုမထားကြနှင့်။ ထို့ပြင် ပြဋ္ဌာန်းထားသည့် အိဒ်ဒသ်ကုန်ဆုံးရက် မ‌ရောက်မချင်း အသင်တို့သည် နိကာဟ်ပြုခြင်း အထုံးအဖွဲ့ကို မချည်‌နှောင်ကြနှင့်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်များထဲတွင် ရှိသည့်အရာများကို အမှန်စင်စစ် သိ‌တော်မူသည့်အတွက်‌ကြောင့် အသင်တို့သည် အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်ဆိုသည်ကို အသင်တို့ သိထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek