×

သူတို့၏နဗီတမန်တော်သည် သူတို့အား “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (စစ်ရေး၌သာမက အုပ်ချုပ်ရေး စွမ်းရည်ပါ ပြည့်ဝသော) တွာလူသ်အား သင်တို့အတွက် ဘုရင်အဖြစ် ပေါ်ထွန်းစေလျှက် 2:247 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:247) ayat 247 in Burmese

2:247 Surah Al-Baqarah ayat 247 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 247 - البَقَرَة - Page - Juz 2

﴿وَقَالَ لَهُمۡ نَبِيُّهُمۡ إِنَّ ٱللَّهَ قَدۡ بَعَثَ لَكُمۡ طَالُوتَ مَلِكٗاۚ قَالُوٓاْ أَنَّىٰ يَكُونُ لَهُ ٱلۡمُلۡكُ عَلَيۡنَا وَنَحۡنُ أَحَقُّ بِٱلۡمُلۡكِ مِنۡهُ وَلَمۡ يُؤۡتَ سَعَةٗ مِّنَ ٱلۡمَالِۚ قَالَ إِنَّ ٱللَّهَ ٱصۡطَفَىٰهُ عَلَيۡكُمۡ وَزَادَهُۥ بَسۡطَةٗ فِي ٱلۡعِلۡمِ وَٱلۡجِسۡمِۖ وَٱللَّهُ يُؤۡتِي مُلۡكَهُۥ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴾
[البَقَرَة: 247]

သူတို့၏နဗီတမန်တော်သည် သူတို့အား “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (စစ်ရေး၌သာမက အုပ်ချုပ်ရေး စွမ်းရည်ပါ ပြည့်ဝသော) တွာလူသ်အား သင်တို့အတွက် ဘုရင်အဖြစ် ပေါ်ထွန်းစေလျှက် ခန့်အပ်တော်မူခဲ့ပြီ။” ဟု ပြောခဲ့သောအခါ သူတို့က “တွာလူသ်မှာ ဥစ္စာဓနကြွယ်ဝမှု အလျှံပယ် (ပေးခံရပြီး ရယူပိုင်ဆိုင်ထား) ရှိသူ မဟုတ်သည့်အပြင် (အုပ်ချုပ်မှုအခွင့်အရေးလည်း ကျွန်ုပ်တို့မှာသာ ပိုမို၍ များပြားစွာ ရှိနေသောကြောင့်) သူ့ထက် ကျွန်ုပ်တို့သည် ဘုရင်ဖြစ်လာရန် ပို၍ ထိုက်ထန်ပါလျှက် သူက ကျွန်ုပ်တို့အပေါ် မည်သို့ (အုပ်ချုပ်ရေး တာဝန်ယူသည့်) ဘုရင် ဖြစ်နိုင်မည်နည်း။” ဟု စောဒကတက် ပြောဆိုခဲ့ကြ၏။ (နဗီတမန်တော်က) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်က သူ့ကို (နာမ်ရေးရာ၊ နိုင်ငံရေးရာနှင့်အုပ်ချုပ်ရေးရာ) ဉာဏဗလနှင့် (စစ်ရေးစွမ်းရည် ဆိုင်ရာ) ကာယဗလများ အလျှံပယ် ချီးမြှင်းပေးတော်မူလျှက် (သင်တို့အပေါ် အုပ်ချုပ်ခွင့် အာဏာရှိသူ အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ။” ဟု မိန့်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) ခွင့်ပြုလိုတော်မူသောသူကိုသာ (အရှင့်နယ်မြေ၌) ဩဇာအာဏာချီးမြှင့်တော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူသောအရှင်၊ အရာခပ် သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وقال لهم نبيهم إن الله قد بعث لكم طالوت ملكا قالوا أنى, باللغة البورمية

﴿وقال لهم نبيهم إن الله قد بعث لكم طالوت ملكا قالوا أنى﴾ [البَقَرَة: 247]

Ba Sein
၂၄၇။ သူတို့၏တမန်တော်သည် သူတို့အား ဤသို့ဟောကြား၏။ ဟယ် - အချင်းတို့ မှတ်သားကြလော့။ သင်တို့ကိုစိုးမိုးအုပ်ချုပ်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် တွာလွတ်ကို ဘုရင့်အရာ၌ ခန့်ထားချီးမြှောက် တော်မူပြီး သူတို့က အကျွန်ု်ပတို့သည် သူ့ထက်သာလွန်၍ ဘုရင်ဖြစ်ထိုက်ပါလျက် သူသည် အဘယ့် ကြောင့် အကျွန်ုပ်တို့ဘုရင်ဖြစ်ရမည်နည်း။ သူ၌ ဥစ္စာပစ္စည်းမလုံလောက်ပေဟုပြန်လျှောက်ကြ၏။ ထိုအခါတမန်တော်သည် သူတို့အား မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူ့ကို သင်တို့ အပေါ်သို့ ရွေးကောက်တင်မြှောက်တော်မူပြီ။ သူ၌ ကာယဗလနှင့် ဉာဏဗလတို့ကို များစွာ တိုးပွား စေတော်မူပြီ။ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား မိမိ၏အချုပ်အခြာအာဏာနှင့် ချီးမြှောက်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို ဂရုစိုက်တော်မူသော အရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့နောက် ယင်းသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ဟယ်-အချင်းတို့ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့အပေါ် တွာလူတ် ကို ဘုရင်အဖြစ်တင် မြှောက်တော်မူလေပြီ ဟု ပြောကြားလေရာထိုသူတို့က အဘယ်အတွက်ကြောင့် ယင်း ‘တွာလူတ်’ တွင် ကျွန်တော် မျိုးတို့အပေါ်၌ မင်းလုပ် အုပ်ချုပ် နိုင်ရန် ဩဇာအာဏာသည် အသို့လျှင်ရှိနိုင်အံ့နည်း၊ အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် ယင်းပုဂ္ဂိုလ် ထက်ပင် ဩဇာအာဏာ ရထိုက်သူများဖြစ်ကြ ပါသည်။ ၎င်းပြင် ထို ‘တွာလူတ်’ သည် ဥစ္စာဓန<ကယ်ဝချမ်း သာမှုကိုလည်း ရရှိသူ မဟုတ်ပါ ဟု လျှောက်ထားကြကုန်၏။ ထိုအခါဝယ် ယင်း နဗီတမန်တော်က ဟယ်-အချင်းတို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်း ‘တွာလူတ်’ ကိုပင် အသင်တို့အပေါ်၌ (ဘုရင်အဖြစ်) ရွေးချယ် တင်မြှောက် တော်မူလေပြီ၊ ထို့ပြင်တဝ ထိုအရှင်မြတ်သည် ယင်း ‘တွာလူတ်’ အား (စစ်မက်ရေးရာ အဖြာဖြာ၌ ကျွမ်းကျင်လိမ္မာခြင်းတည်း ဟူသော) ဉာဏဗလ၌လည်းကောင်း၊ (ရူပလက္ခဏာကြန် အင်္ဂါ နှင့်ပြည့်စုံ၍ ကိုယ်ခန္ဓာ ထွားကျိုင်းခွန်အားကြီးမားခြင်းတည်း ဟူသော) ကာယဗလအရာ၌လည်းကောင်း၊ အသင်တို့ထက် ကျယ်ဝန်း စွာပေး သနားတော်မူလေသည်။ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် မိမိ(ပိုင်ဆိုင်တော်မူသော) ဩဇာအာဏာကို မိမိနှစ်သက်လိုလားတော်မူသော သူကိုသာလျှင် ပေးသနား တော်မူလေသည်။ တဖန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ဥစ္စာဓန ချမ်းသာ ကြွယ်ဝမှုကို) ကျယ်ဝန်းစွာ ပေးသနား တော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဟု ပြန်လည် ဖြေကြား တော်မူလေသတည်း။
Hashim Tin Myint
ထို့‌နောက် နဗီတမန်‌တော်က သူတို့အား ‌ပြောကြားသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် သွာလူသ်ကို ဘုရင်အဖြစ် ခန့်အပ်‌စေလွှတ်‌တော်မူလိုက်ပြီဖြစ်သည်။ သူတို့က ‌ပြောဆိုကြသည်၊ မည်သည့်နည်းဖြင့် ကျွန်ုပ်တို့အ‌ပေါ်တွင် သူ့အား အုပ်ချုပ်မှုအာဏာ‌ပေး၍ ဖြစ်နိုင်ပါမည်နည်း။* ၎င်းပြင် ကျွန်‌တော်တို့သည် သူ့ထက်ပိုပြီး အုပ်ချုပ်မှုအာဏာနှင့် ထိုက်တန်ကြသည်။ ထို့ပြင် သူသည် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုလည်း ‌ပေးခြင်းခံရသည် မဟုတ်‌ပေ။ နဗီတမန်‌တော်က ‌ပြောဆိုသည်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် သူ့အား ‌ရွေးချယ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူ့အား ပညာ‌ရေးနှင့် ကိုယ်ကာယတွင် ကျယ်ဝန်းစွာ သာပို‌သောအရည်အချင်းများ ‌ပေး‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်သူအား အရှင်မြတ်၏ အုပ်ချုပ်မှုအာဏာကို ချီးမြှင့်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek