Quran with Burmese translation - Surah Al-Baqarah ayat 250 - البَقَرَة - Page - Juz 2
﴿وَلَمَّا بَرَزُواْ لِجَالُوتَ وَجُنُودِهِۦ قَالُواْ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ﴾
[البَقَرَة: 250]
﴿ولما برزوا لجالوت وجنوده قالوا ربنا أفرغ علينا صبرا وثبت أقدامنا وانصرنا﴾ [البَقَرَة: 250]
Ba Sein ၂၅ဝ။ သူတို့သည် ဂျာလွတ်ဘုရင်နှင့် ၎င်း၏စစ်သည်တော်များကိုတိုက်ခိုက်ရန် စစ်ခင်းသောအခါ အို ကျွန်ုပ်တို့၏အရှင်သခင် အကျွန်ုပ်တို့အား သည်းခံခြင်းသတ္တိကို ပေးသနားတော်မူပါ အကျွန်ု်ပ်တို့၏ ခြေများကို မြဲမြံစေတော်မူပါ။ အကျွန်ုပ်တို့အား မိစ္ဆဒိဋ္ဌိများကို အောင်နိုင်တော်မူပါဟု ဆုတောင်း ကြ၏။ |
Ghazi Mohammad Hashim ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတိ္တကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။ |
Hashim Tin Myint ထို့နောက် သူတို့သည် ဂျာလူသ်ဘုရင်နှင့် သူ၏စစ်သားများအား ရင်ဆိုင်ကြသည့်အခါ (အရှင်မြတ်ထံတွင် ဤသို့ ဒိုအာတောင်းခံကြသည်) အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်တွင် သည်းခံနိုင်သည့်အင်အား သွန်းလောင်းပေးတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့၏ခြေများကို မြဲမြံစေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအပေါ်၌ အောင်မြင်မှုရရန် ကူညီတော်မူပါ။ |