×

အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် သူတို့သည် (ဂျာလူသ်နှင့်သူ့စစ်တပ်ကို) အပြတ်အသတ် တွန်းလှန်ချေမှုန်းနိုင်ခဲ့ပြီး ဒါဝူဒ်က ဂျာလူသ်ကို ကွပ်မျက်ခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်အား (အုပ်ချုပ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ) 2:251 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:251) ayat 251 in Burmese

2:251 Surah Al-Baqarah ayat 251 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 251 - البَقَرَة - Page - Juz 2

﴿فَهَزَمُوهُم بِإِذۡنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ وَٱلۡحِكۡمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُۗ وَلَوۡلَا دَفۡعُ ٱللَّهِ ٱلنَّاسَ بَعۡضَهُم بِبَعۡضٖ لَّفَسَدَتِ ٱلۡأَرۡضُ وَلَٰكِنَّ ٱللَّهَ ذُو فَضۡلٍ عَلَى ٱلۡعَٰلَمِينَ ﴾
[البَقَرَة: 251]

အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် သူတို့သည် (ဂျာလူသ်နှင့်သူ့စစ်တပ်ကို) အပြတ်အသတ် တွန်းလှန်ချေမှုန်းနိုင်ခဲ့ပြီး ဒါဝူဒ်က ဂျာလူသ်ကို ကွပ်မျက်ခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်အား (အုပ်ချုပ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ) ဩဇာအာဏာနှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်များ ချီးမြှင့်ပေးအပ်တော်မူပြီး အရှင်မြတ်၏ဆန္ဒတော်အရ လိုအပ်သမျှကို သွန်သင် လမ်းညွှန်တော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အချင်းချင်းကြားတွင် အချို့ကိုအချို့အားဖြင့် ထိန်းချုပ်တွန်းလှန်စေတော်မမူခဲ့လျှင် ကမ္ဘာဂြိုဟ်၌ အဖျက်အမှောင့် (နှင့်သွေးထွက်သံယိုမှုများ) ဖြင့် ပြည့်နက်နေမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍ ဂုဏ်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: فهزموهم بإذن الله وقتل داود جالوت وآتاه الله الملك والحكمة وعلمه مما, باللغة البورمية

﴿فهزموهم بإذن الله وقتل داود جالوت وآتاه الله الملك والحكمة وعلمه مما﴾ [البَقَرَة: 251]

Ba Sein
၂၅၁။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ အခွင့်တော်အားဖြင့် သူတို့သည် စစ်ရေးသာ၍ ရန်သူတို့အား အကြီးအကျယ် ဆုံးရှုံးစေကြပြီးလျှင် တမန်တော် ဒါဝတ်သည်ဂျာလွတ်ဘုရင်ကိုသတ်၏။ အလ္လာဟ် အရှင်မြတ်သည် တမန်တော်ဒါဝတ်အား နိုင်ငံတော်အလုံးနှင့်သော်လည်းကောင်း ပညာအလင်းရောင် နှင့်သော်လည်းကောင်း ချီးမြှောက်တော်မူ၏။ အရှင်မြတ်သည် သင်ပြတော်မူလိုသည့်အတတ်ပညာ များကိုလည်း တမန်တော်ဒါဝတ်အား သင်ပေးတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် လူတစ်စုကို အခြားလူတစ်စုအားဖြင့် တားဆီးတွန်းလှန်ခြင်းမပြုဘဲ လစ်လျူရှု၍နေတော်မူပါလျှင် ဤကမ္ဘာ မြေကြီးကို ဒုစရိုက် အမိုက်အမှောင် ဖုံးလွှမ်းလတ္တံ့။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဘဏ္ဍာတော်များအတွက် မဟာကရုဏာတော် အရှင်သခင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို ကွပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားဩဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(ဝါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ခြီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အရှင်မြတ်သည် စကြာဝဠာ အပေါင်း တို့ အပေါ်၌ ကျေးဇူးတော်ရှင်ဖြစ်တော်မူလေသည်။
Hashim Tin Myint
ထို့‌နောက် သူတို့(သွာလူသ်၏စစ်သားများ)သည် အရှင်မြတ်၏အမိန့်‌တော်ဖြင့် သူတို့(ဂျာလူသ်၏စစ်သားများ)အား ရှုံနိမ့်‌အောင် ပြုလုပ်ခဲ့ကြသည်။ ဒါဝူသ်သည် ဂျာလူသ်ကို သတ်ဖြတ်ခဲ့သည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူသ်*ကို ဩဇာအာဏာနှင့် ဉာဏ်အ‌မြော်အမြင်(ဝါ)နဗီဖြစ်ခြင်းကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်ဒါဝူသ်)အား အရှင်မြတ် အလိုရှိ‌တော်မူသည့် ပညာရပ်များကိုလည်း သင်ကြား‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားများအား သူတို့အနက်မှ အချို့ကိုအချို့နှင့် တွန်းလှန်ကာကွယ်မှုမပြုခဲ့လျှင် ဤကမာ္ဘကြီးသည် အမှန်ပင် ပျက်စီးခဲ့ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးအ‌ပေါ်၌ ‌ကျေးဇူးရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek