×

အလ္လာဟ်အရှင်မြတ်သည် (လူသားအား) အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာပေးအပ်ခဲ့တော်မူသည့်အတွက် (ဘဝင်မြင့်လျှက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်စပ်လျဉ်း၍ (တမန်တော်) အီဗ်ရာဟီးမ်အား အတိုက်အခံလုပ်ပြီး အာခံငြင်းခုံခဲ့သူအကြောင်းကို 2:258 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:258) ayat 258 in Burmese

2:258 Surah Al-Baqarah ayat 258 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 258 - البَقَرَة - Page - Juz 3

﴿أَلَمۡ تَرَ إِلَى ٱلَّذِي حَآجَّ إِبۡرَٰهِـۧمَ فِي رَبِّهِۦٓ أَنۡ ءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ إِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّيَ ٱلَّذِي يُحۡيِۦ وَيُمِيتُ قَالَ أَنَا۠ أُحۡيِۦ وَأُمِيتُۖ قَالَ إِبۡرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأۡتِي بِٱلشَّمۡسِ مِنَ ٱلۡمَشۡرِقِ فَأۡتِ بِهَا مِنَ ٱلۡمَغۡرِبِ فَبُهِتَ ٱلَّذِي كَفَرَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[البَقَرَة: 258]

အလ္လာဟ်အရှင်မြတ်သည် (လူသားအား) အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာပေးအပ်ခဲ့တော်မူသည့်အတွက် (ဘဝင်မြင့်လျှက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်စပ်လျဉ်း၍ (တမန်တော်) အီဗ်ရာဟီးမ်အား အတိုက်အခံလုပ်ပြီး အာခံငြင်းခုံခဲ့သူအကြောင်းကို အသင်တို့ မတွေးမြင် မဆင်ခြင် မသုံးသပ်ကြသလော။ (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ သက်ရှိအားလုံး၏ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေတော်မူသော အရှင်ပင်ဖြစ်၏” ဟု ပြောသည့်အခါ (ဘုရင်ဖြစ်) သူက “ကျွန်ုပ်မှာလည်း ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေနိုင်သော အခွင့်အာဏာရှိ၏။” ဟု တုံ့ပြန်ပြောခဲ့၏။ (တမန်တော်) အီဗ်ရာဟီးမ်က “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူရိယနေမင်းကို အရှေ့ဘက်မှ ထွက်စေတော်မူ၏။ အသင်သည် ယင်းကို အနောက်ဘက်မှ ထွက်စေလော။” ဟု မိန့်ဆို၍ မယုံကြည် (သူ၊ အမှန်တရားကိုငြင်းဆန်) သူအား အငိုက်မိစေလျှက် အရေးနိမ့်စေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန်ပင်၊ စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသည့် လူမျိုးကို လမ်းညွှန်တော် မမူချေ။

❮ Previous Next ❯

ترجمة: ألم تر إلى الذي حاج إبراهيم في ربه أن آتاه الله الملك, باللغة البورمية

﴿ألم تر إلى الذي حاج إبراهيم في ربه أن آتاه الله الملك﴾ [البَقَرَة: 258]

Ba Sein
၂၅၈။ အလ္လာဟ်အရှင်မြတ်သည် တမန်တော် အီဗရာဟီမ်အား တိုင်းပြည်နိုင်ငံတော်နှင့် ချီးမြှောက်တော် မူသောကြောင့် သူ၏ အရှင်သခင်အကြောင်းတို့ကို အီဗရာဟီမ်နှင့် အငြင်းအခုံပြုသောသူ၏ အထ္ထုပ္ပတ္တိကို သင်မိုဟမ္မဒ်စဉ်းစားကြည့်လော့။ တမန်တော် အီဗရာဟီမ်က အကျွန်ုပ်၏အရှင်သခင် သည် အသက်ရှင်စေတော်မူသော၊ အသက်သေစေတော်မူသော အရှင်ဖြစ်တော်မူ၏ဟု ဆိုသော အခါ ထိုသူက အကျွန်ုပ်သည် အသက်ရှင်စေ၏။ အသက်သေစေ၏ဟု ပြန်ပြော၏။ တမန်တော် အီဗရာဟီမ်သည် ထိုသူအားမှတ်သားလော့။ အလ္လာဟ်အရှင်မြတ်သည် အေ့ရှမျက်နှာစွန်းမှ ထွက်စေ လော့ဟုဆို၏။ မိစ္ဆာမိုက်အား ဤကဲ့သို့ အရှက်ခွဲ၏။ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့ကို လမ်းညွှန်တော်မမူပေ။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်)အသင်သည် အကြင်(ဘုရင်) ၏အကြောင်းကို လေ့လာဆင်ခြင်ပြီး မဟုတ်ပါလော။အလ္လာဟ်အရှင်မြတ်သည် ထိုဘုရင်အား ဩဇာအာဏာ တိက္ကမပေးသနားတော်မူထားသည့်အတွက်ကြောင့် ထိုဘုရင်သည်(စောင်းမာန် တက်ကြွပြီး) နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)အား မွေးမြူတော်မူသော အရှင်နှင့် ပတ်သက်၍ ထိုတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ အခါတစ်ပါး၌ နဗီတမန်တော်စ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ယင်းဘုရင်၏ မေးခွန်းကို အကြောင်းပြု၍) ‘ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည်(သက်မဲ့အပေါင်းတို့ကို)ရှင်စေတော်မူသောအရှင်၊ (သက်ရှိအပေါင်းတို့ကို) သေစေတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်’ ဟု ဖြေကြားခဲ့လေသည်။ ထိုအခါ ထို(ဘုရင်)က’ငါသည်လည်း (မိမိ အလိုရှိသူကို သေဒဏ်မှ လွတ်မြောက်စေခြင်းအားဖြင့်) ရှင်စေနိုင်သည်၊ ထိုနည်းတူစွာ ငါသည်လည်း(မိမိအလိုရှိသူကိုသတ်စေခြင်းအားဖြင့်) သေစေနိုင်သည်’ ဟုပြန်လည်ပြောကြားရာ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ထိုဘုရင်၏အသိဉာဏ် ခေါင်းပါးမှုကို ထောက်ရှုကာ) ဧကန်စင်စစ် (ငါ၏ကိုးကွယ် ရာအရှင်ဖြစ်တော်မူသော)အလ္လာဟ်အရှင်မြတ်သည် သူရိယနေကို အရှေ့ဖက်မှထွက်စေတော်မူလေသည်။ အသင်သည် (အလ္လာဟ်အရှင်မြတ်ကဲ့သို့တန်ခိုးအာနုဘောနှင့်ပြည့်စုံပါလျှင်) ထိုသူရိယနေကို အနောက်ဖက်မှ ထွက်စေပါလေ’ ဟု(တနည်းပြောင်း၍) ပြောကြားပြန်လေသည်။ ထိုအခါ (အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည်သွေဖည်ငြင်းပယ်သော (ဘုရင်)သည် (တစ်စုံတစ်ရာမျှ တုံ့ပြန်ဖြေကြားနိုင်သည်မရှိဘဲ) မိန်းမောတွေဝေ အံ့အားသင့်၍သွားလေတော့သည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတော်မတရား ကျူးလွန်သောသူများအား တရားလမ်းမှန်ကိုညွှန်ကြား ပြသတော်မမူချေ။
Hashim Tin Myint
အသင်(တမန်‌တော်)သည် အကြင်သူ(ဘုရင်)ကို မသိမြင်ခဲ့ပါသ‌လော။ ထိုသူ့အား အလ္လာဟ်အရှင်မြတ်က အုပ်ချုပ်မှုအာဏာ ‌ပေး‌တော်မူခဲ့သည့်အ‌ပေါ်(မာနတက်ကာ) သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်နှင့်ပတ်သက်၍ (တမန်‌တော်)အိဗ်ရာဟီမ်နှင့် အငြင်းအခုံပြုခဲ့သည်။ တစ်ခါက (တမန်‌တော်)အိဗ်ရာဟီမ်က ‌ပြောခဲ့သည်၊ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ရှင်‌စေ‌တော်မူ‌သောအရှင်၊ ‌သေ‌စေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ သူ(ဘုရင်)က‌ပြောသည်၊ ငါသည်လည်း ‌သေ‌စေနိုင်သည်၊ ရှင်‌စေနိုင်သည်။* ၎င်း(တမန်‌တော်)အိဗ်ရာဟီမ်က ‌ပြောသည်၊ ထို့ပြင် အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် ‌နေကို အ‌ရှေ့ဘက်မှ ထွက်‌စေ‌တော်မူသည်။ အသင်သည် ထို(‌နေ)ကို အ‌နောက်ဘက်မှထွက်‌အောင် ပြုလုပ်ပါ။* ထို့‌နောက် ကာဖိရ်ငြင်းပယ်သူ(ဘုရင်)သည် ‌တွေ‌ဝေအံ့ဩသွားခဲ့ (ပြီး လက်မှိုင်ချလိုက်ရ‌တော့)သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်ညွှန်ကြားပြသ‌တော် မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek