×

အကယ်၍ ပေးကမ်းစွန့်လှူမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြလျှင် (သင်တို့ လှူဒါန်းခွင့်ရသည့် အရာများသည် အရှင်မြတ်ထောက်ပံ့ထားတော်မူသော အရာများဖြစ်၍ ယင်းသည်) ကောင်း၏။ သို့သော် 2:271 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:271) ayat 271 in Burmese

2:271 Surah Al-Baqarah ayat 271 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 271 - البَقَرَة - Page - Juz 3

﴿إِن تُبۡدُواْ ٱلصَّدَقَٰتِ فَنِعِمَّا هِيَۖ وَإِن تُخۡفُوهَا وَتُؤۡتُوهَا ٱلۡفُقَرَآءَ فَهُوَ خَيۡرٞ لَّكُمۡۚ وَيُكَفِّرُ عَنكُم مِّن سَيِّـَٔاتِكُمۡۗ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ ﴾
[البَقَرَة: 271]

အကယ်၍ ပေးကမ်းစွန့်လှူမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြလျှင် (သင်တို့ လှူဒါန်းခွင့်ရသည့် အရာများသည် အရှင်မြတ်ထောက်ပံ့ထားတော်မူသော အရာများဖြစ်၍ ယင်းသည်) ကောင်း၏။ သို့သော် အကယ်၍ ချို့တဲ့နွမ်းပါးသူတို့အား သိုသိုသိပ်သိပ် (ညာလက်မှ ပေးလှူသည်ကို ဘယ်လက်ဖြင့် မသိစေဘဲ) ပေးကမ်းစွန့်လှူလျှင် သင်တို့အတွက် အကောင်းဆုံးပင်ဖြစ်ပြီး (ယင်းကိုအကြောင်းပြု၍) အရှင်မြတ်က သင်တို့၏မကောင်းမှုများမှ အချို့ကို ဖယ်ရှားဖုံးကွယ်တော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံ ဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ်ရယူထားတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن تبدوا الصدقات فنعما هي وإن تخفوها وتؤتوها الفقراء فهو خير لكم, باللغة البورمية

﴿إن تبدوا الصدقات فنعما هي وإن تخفوها وتؤتوها الفقراء فهو خير لكم﴾ [البَقَرَة: 271]

Ba Sein
၂၇၁။ အကယ်၍ သင်တို့သည် လူသိရှင်ကြား လှူဒါန်းကြလျှင် ကောင်း၏။ သို့သော် တိတ်တဆိတ် လျှို့ဝှက်စွာ လှူ၏။ သူဆင်းရဲသားတို့အားလှူ၏။ ထိုအလှူသည် သင်တို့အဖို့ သာလွန်မွန်မြတ်၍ သင်တို့ မကောင်းမှုအချို့တဝက်ကိုဖြေ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။
Ghazi Mohammad Hashim
အကယ်၍ အသင်တို့သည်(မိမိတို့ပေးကမ်း စွန့်ကြဲကြကုန်သော) အလှူဝတ္ထုများကို ထင်ရှား စွာ (လှူဒါန်းပေးကမ်းကြပါမူ) ယင်းသို့ထင်ရှားစေ ခြင်းသည်လည်းကောင်းမြတ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်း(ပေးကမ်းလှူဒါန်း ကြကုန်သော) အလှူဝတ္ထုများကို လျှို့ဝှက်စွာသူဆင်းရဲတို့အား ပေးကမ်းစွန့်ကြဲကြပါမူ၊ ယင်းသို့ လျှို့ဝှက်ခြင်းသည်ကား အသင်တို့အဘို့ရာ သာ၍ပင် ကောင်းမြတ်ပေသည်။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့၏ဒုစရိုက်မှုအချို့တို့ကို ဖယ်ရှားတော်မူအံ့။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သောကိစ္စရပ်တို့ကို အြွကင်းမဲ့ ကြားသိတော်မူသောအရှင်တည်း။
Hashim Tin Myint
အကယ်၍ အသင်တို့သည် အလှူဒါနများကို ထင်ရှားစွာလှူမည်ဆိုလျှင်လည်း ‌ကောင်းမြတ်သည်။* ထို့ပြင် အကယ်၍ အသင်တို့သည် ဆင်းရဲသားများအား လျှို့ဝှက်ပြီး ‌ပေးကမ်းကြမည်ဆိုလျှင် အသင်တို့အတွက် ပို‌ကောင်းသည်။ ထို့ပြင် အသင်တို့၏ ပြစ်မှုဒုစရိုက်များထဲမှ အချို့ကို အရှင်မြတ်သည် ဖယ်ရှား‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek