Quran with Burmese translation - Surah Al-Baqarah ayat 279 - البَقَرَة - Page - Juz 3
﴿فَإِن لَّمۡ تَفۡعَلُواْ فَأۡذَنُواْ بِحَرۡبٖ مِّنَ ٱللَّهِ وَرَسُولِهِۦۖ وَإِن تُبۡتُمۡ فَلَكُمۡ رُءُوسُ أَمۡوَٰلِكُمۡ لَا تَظۡلِمُونَ وَلَا تُظۡلَمُونَ ﴾
[البَقَرَة: 279]
﴿فإن لم تفعلوا فأذنوا بحرب من الله ورسوله وإن تبتم فلكم رءوس﴾ [البَقَرَة: 279]
Ba Sein ၂၇၉။ အကယ်၍ သင်တို့သည် လျော်မပစ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ စေတမန်တို့သည် သင်တို့အား စစ်တိုက်ခိုက်မည်ကို မှတ်ယူကြလော့။ သင်တို့သည် နောင်တသတိရကြလျှင် မိမိတို့ အရင်းငွေကိုသာ ယူကြလော့။ သင်တို့သည် မတရားမှုကို မပြုကြလင့်။ သင်တို့သည်လည်း မတရား ပြုခြင်းခံရကြမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ |
Hashim Tin Myint ထို့နောက် အကယ်၍ အသင်တို့သည် (ထို အမိန့်တော်အတိုင်း)မပြုလုပ်ခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် စစ်တိုက်ရန် အဆင်သင့် ပြင်ဆင်လိုက်ပါ။* ထို့ပြင် အကယ်၍ အသင်တို့သည် (အတိုးစားခြင်းကိုရပ်ကာ) အရှင်မြတ်ဘက်သို့ လှည့်ပြီး အမှားဝန်ခံခဲ့ကြလျှင် အသင်တို့၏ အရင်းငွေများသည် အသင်တို့အတွက်ဖြစ်သည်။ အသင်တို့သည် (ငွေရင်းထက်ပိုပြီး အတိုးယူကာ သူတစ်ပါးအား) မတရားပြုလုပ် နစ်နာစေကြမည်လည်း မဟုတ်ပေ၊ ၎င်းပြင် အသင်တို့သည် (ငွေရင်း ပြန်ရသည့်အတွက် သူတစ်ပါး၏) မတရား နစ်နာမှုပြုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေ။ |