×

(အာဒမ်က ဆင်ခြေပေးရမည့်အစား အမှားကို ပြင်ဆင်လိုသော မျှော်လင့်ချက်ဖြင့် အမှားဘက်သို့ ယိမ်းယိုင် ခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ခဲ့၏။) ထို့နောက် အာဒမ်သည် သူ့အား 2:37 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:37) ayat 37 in Burmese

2:37 Surah Al-Baqarah ayat 37 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 37 - البَقَرَة - Page - Juz 1

﴿فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٖ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴾
[البَقَرَة: 37]

(အာဒမ်က ဆင်ခြေပေးရမည့်အစား အမှားကို ပြင်ဆင်လိုသော မျှော်လင့်ချက်ဖြင့် အမှားဘက်သို့ ယိမ်းယိုင် ခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ခဲ့၏။) ထို့နောက် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေ၍ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏ထံတော်မှ လှုံ့ဆော်၍ သိနားလည်စေသည့် မုက္ခပါတ်တော်ကို လက်ခံရရှိ၏။ (သူသည် နောင်တရ မဆုံးဖြစ်ပြီး အသနားခံတောင်းပန်လျှက်) နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ပြန်ခြင်းကို အရှင်မြတ်က လက်ခံတော်မူခဲ့၏။ အမှန်စင်စစ်၊ ထိုအရှင်သည်သာလျှင် နောင်တဖြင့် အရှင့်ဘက်လှည့်ပြန်ခြင်း (အထူးသဖြင့် ယုံကြည်သူတို့၏ဝန်ချတောင်းပန်ခြင်း) ကို လက်ခံတော်မူသောအရှင်၊ အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူပေသတည်း။

❮ Previous Next ❯

ترجمة: فتلقى آدم من ربه كلمات فتاب عليه إنه هو التواب الرحيم, باللغة البورمية

﴿فتلقى آدم من ربه كلمات فتاب عليه إنه هو التواب الرحيم﴾ [البَقَرَة: 37]

Ba Sein
၃၇။ ထို့နောက် အာဒမ်သည် သူ၏ အရှင်သခင်ထံမှ ဗျာဒိတ်တော်များကို ရရှိ၏။ အရှင်မြတ်သည် သူ့အပေါ်တွင် အမျက်ပြေတော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် အမျက်ပြေတော်မူသော အရှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့‌နောက် (လူသားအားလုံး၏ဖခင်)အာဒမ်သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ အချို့(ခွင့်လွှတ်အသနားခံနည်း) စကားရပ်များကို သင်ယူခဲ့(ပြီး ဝန်ချ‌တောင်းပန် အသနားခံ)လိုက်သည်။ ထို့အတွက် အရှင်မြတ်သည် (၎င်းဘက်သို့ သနားကရုဏာ‌တော်နှင့်လှည့်ပြီး ၎င်း၏ဝန်ချ‌တောင်းပန်မှုကို) လက်ခံခွင့်လွှတ်လိုက်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သာလျှင် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံ ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek