Quran with Burmese translation - Surah Al-Baqarah ayat 42 - البَقَرَة - Page - Juz 1
﴿وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ﴾
[البَقَرَة: 42]
﴿ولا تلبسوا الحق بالباطل وتكتموا الحق وأنتم تعلمون﴾ [البَقَرَة: 42]
Ba Sein ၄၂။ သင်တို့သည် တရားအမှန်နှင့် တရားအမှားကို ရှုပ်ထွေးအောင်မပြုကြလင့်။ တရားမှန်ကိုသိလျက်နှင့် ဖုံးမထားကြလင့်။ |
Ghazi Mohammad Hashim (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သဒ္ဓမ္မ) တရားမှန်ကို (ကွဖ်ရ်) မိစ္ဆာဒိဋ္ဌိ အယူမှားနှင့် မရောနှောကြကုန်လင့်။ အသင်တို့သည် တရားမှန် တရားစစ်ကို မိမိတို့ကိုယ်တိုင် သိရှိကြပါလျက် ဖုံးကွယ်ထိန်ချန်၍ မထားကြကုန်လင့်။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အမှန်(တရား)ကို အမှား(မတရား)နှင့် မရောနှောကြနှင့်။ ထို့ပြင် အသင်တို့သည် အမှန်တရားများကို သိပါလျက်နှင့် ဖုံးကွယ်ထိမ်ချန်၍ မထားကြနှင့်။ |