×

(သတိရကြလော့။) ငါအရှင်မြတ်သည် (သိနတောင်၌ ညပေါင်းလေးဆယ် သီတင်းသုံးနေသော တမန်တော်) မူဆာအား ကျမ်းတော်နှင့် (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး အသိပညာကို တိရောက်စွာအသုံးချခြင်းဖြင့် အမှား၊ 2:53 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:53) ayat 53 in Burmese

2:53 Surah Al-Baqarah ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 53 - البَقَرَة - Page - Juz 1

﴿وَإِذۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَٱلۡفُرۡقَانَ لَعَلَّكُمۡ تَهۡتَدُونَ ﴾
[البَقَرَة: 53]

(သတိရကြလော့။) ငါအရှင်မြတ်သည် (သိနတောင်၌ ညပေါင်းလေးဆယ် သီတင်းသုံးနေသော တမန်တော်) မူဆာအား ကျမ်းတော်နှင့် (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး အသိပညာကို တိရောက်စွာအသုံးချခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားစေသည့်) မှတ်ကျောက်စံချိန်ကို ပေးအပ်တော်မူခြင်းမှာ သင်တို့က တရားလမ်းညွှန်ကို ရပြီးနောက် ယင်းနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရန်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذ آتينا موسى الكتاب والفرقان لعلكم تهتدون, باللغة البورمية

﴿وإذ آتينا موسى الكتاب والفرقان لعلكم تهتدون﴾ [البَقَرَة: 53]

Ba Sein
၅၃။ ၎င်းပြင် ငါသည် သင်တို့အားလမ်းမှန်ကိုညွှန်ပြဖို့ရာ တမန်တော်မူဆာအား ကောင်းဆိုးနှစ်ပါးကို ခွဲခြားသိစွမ်းနိုင်ရာသောကျမ်းတော်ကို ချပေးသနားတော်မူသည်ကိုလည်း သတိရကြလော့။
Ghazi Mohammad Hashim
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား (တောင်ရာတ်) ကျမ်းဂန် (ဝါ) အမှားအမှန်ခွဲခြား၍ ညွှန်ကြားပြသသော ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူ၏။
Hashim Tin Myint
ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် (တမန်‌တော်)မူစာအား (‌သောင်ရာသ်)ကျမ်းဂန်နှင့် အမှားအမှန်ခွဲခြား‌ပေး‌သောအရာကို ‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek