Quran with Burmese translation - Surah Al-Baqarah ayat 60 - البَقَرَة - Page - Juz 1
﴿۞ وَإِذِ ٱسۡتَسۡقَىٰ مُوسَىٰ لِقَوۡمِهِۦ فَقُلۡنَا ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنفَجَرَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۖ كُلُواْ وَٱشۡرَبُواْ مِن رِّزۡقِ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴾
[البَقَرَة: 60]
﴿وإذ استسقى موسى لقومه فقلنا اضرب بعصاك الحجر فانفجرت منه اثنتا عشرة﴾ [البَقَرَة: 60]
Ba Sein ၆ဝ။ ၎င်းပြင် တမန်တော်မူဆာသည် သူ၏အမျိုးသားများအတွက် ရေပေးတော်မူရန် ဆုတောင်းသော အခါ ငါသည် သူ့အား အေ မူဆာ သင်သည် မိမိတောင်ဝှေးနှင့် ကျောက်တုံးကြီးကို ရိုက်လော့ဟု မိန့်တော်မူ၏။ ရိုက်သောအခါ ကျောက်တုံးကြီးမှ စိမ့်စမ်းရေကြောင့် ဆယ့်နှစ်သွယ်ပန်းထွက်လာကြ ၏။ ထိုအခါ တမန်တော်မူဆာ၏ ဆယ့်နှစ်သင်းသားတို့သည်ကိုယ်စီကိုယ်ငှ ချောင်းတသွယ်စီ ရကြ၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော ရိက္ခာများမှ စားကြ၊ သောက်ကြ ကုန်လော့။ မတရားပြုကျင့်ပြီးလျှင် ကမ္ဘာမြေပေါ်၌ မကောင်းမှု မကျူးလွန်ကြလင့်။ |
Ghazi Mohammad Hashim (အို-အစ္စရာအီလ် မျိုးနွယ်အပေါင်းပြန်လည်သတိရကြလေကုန်၊) အခါ တပါး၌ (နဗီတမန်တော်) မူစာ(အ)သည် (ငါအရှင်မြတ်၏ ထံတော်မှ) မိမိ အမျိုးသားများ အဖို့သောက်သုံးရန်ရေကို (ပေးသနားတော်မူပါဟု) ဆုတောင်းပတ္တနာပြုရာ ငါအရှင်က (အို-မူစာ) အသင်သည် မိမိလှင်ကန်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ဟု မိန့်ကြားတော် မူခဲ့လေသည်။ [သို့ မိန့်ကြားချက်အရနဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်)သည် ကျောက်တုံးကို ရိုက်ခတ်လေရာယင်း ကျောက်တုံးသည် ကွဲအက်၍ အစ္စရာအီလီ လူမျိုးတို့၏အသင်း ဦးရေနှင့်အညီ] စမ်းရေချောင်း 12 သွယ်တို့သည်ထိုကျောက်တုံးမှ ပန်းထွက်လာလေသည်။ (ထိုအခါ)ယင်းအစ္စရာအီလီ လူမျိုးတို့သည် အသီးသီး မိမိတို့ သောက်သုံးရာဌာနကို(ကောင်းမွန်စွာ) မှတ်သား၍ ထားကြလေသည်။(ထိုအခါ ငါအရှင်မြတ်သည် ယင်းသူတို့ကို) အသင်တို့သည်ငါအရှင်မြတ်ထံတော်မှ ပေးသနား တော်မူသော (မန္န နှင့် စလ်ဝါတည်းဟူသော) ခဲဘွယ် ဘောဇဉ်တို့ ကို စားသုံးကြ၍ (အယဉ်တွေတွေစီးဆင်းလျက် ရှိသော ကျောက်စက်ရေကိုကျေးဇူး တင်စွာဖြင့်) သောက်သုံး ကြကုန်လော့။ အသင်တို့သည် ပထဝီမြေပြင်ဝယ် ဆူပူသောင်းကျန်းသူများအဖြစ်နှင့် မကျူးလွန်ကြကုန်လင့်၊ (ဟု မိန့်တော်မူ လေသည်)။ |
Hashim Tin Myint ထို့ပြင် တစ်ခါက (တမန်တော်)မူစာသည် ၎င်း၏အမျိုးသားများအတွက် သောက်ရေကို (ငါအရှင့်ထံ)တောင်းခံခဲ့သည်။ (ထိုအခါ) ငါအရှင်က မိန့်ကြားတော်မူခဲ့သည်- အသင်(တမန်တော်)သည် အသင်၏တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်လိုက်ပါ။ ထိုအခါ ထိုကျောက်တုံးမှ စမ်းရေချောင်း၁၂ခု ပန်းထွက်*လာခဲ့သည်။ ထိုအုပ်စုများသည် သူတို့၏သောက်သုံးရာနေရာကို သိရှိခဲ့ကြသည်။ (ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူသည်) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ စားနပ်ရိက္ခာများကို စားကြသောက်ကြပါ။ ထို့နောက် ကမာ္ဘပေါ်တွင် ဖျက်ဆီးသူများအဖြစ်နှင့် ဆူပူသောင်းကျန်းခြင်းမပြုကြနှင့်။ |