×

(ပြန်သတိရကြလော့။) သင်တို့က “အို၊ မူဆာ၊ ကျွန်ုပ်တို့သည် အစာတစ်မျိုးတည်းဖြင့် သည်းမခံ၊ မရပ်တည် နိုင်ပါ၊ ကျွန်ုပ်တို့အတွက် မြေမှထွက်သော ဟင်းသီး၊ 2:61 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:61) ayat 61 in Burmese

2:61 Surah Al-Baqarah ayat 61 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 61 - البَقَرَة - Page - Juz 1

﴿وَإِذۡ قُلۡتُمۡ يَٰمُوسَىٰ لَن نَّصۡبِرَ عَلَىٰ طَعَامٖ وَٰحِدٖ فَٱدۡعُ لَنَا رَبَّكَ يُخۡرِجۡ لَنَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ مِنۢ بَقۡلِهَا وَقِثَّآئِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَاۖ قَالَ أَتَسۡتَبۡدِلُونَ ٱلَّذِي هُوَ أَدۡنَىٰ بِٱلَّذِي هُوَ خَيۡرٌۚ ٱهۡبِطُواْ مِصۡرٗا فَإِنَّ لَكُم مَّا سَأَلۡتُمۡۗ وَضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ وَٱلۡمَسۡكَنَةُ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ ٱلۡحَقِّۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ﴾
[البَقَرَة: 61]

(ပြန်သတိရကြလော့။) သင်တို့က “အို၊ မူဆာ၊ ကျွန်ုပ်တို့သည် အစာတစ်မျိုးတည်းဖြင့် သည်းမခံ၊ မရပ်တည် နိုင်ပါ၊ ကျွန်ုပ်တို့အတွက် မြေမှထွက်သော ဟင်းသီး၊ သခွား၊ ဂျုံ ၊ ပဲ၊ ကြက်သွန်များ ပေါက်ရောက်စေရန် အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ဆုတောင်းပါလော့။” ဟု ပြောခဲ့သည့် အခါ (တမန်​တော်) မူဆာက “သင်တို့သည် ပိုကောင်းသောအရာကို ပိုညံ့သည့်အရာဖြင့် လှဲလှယ်ကြမည်လော။ သို့ဆိုလျှင် (တစ်မြို့မြို့ သို့မဟုတ်) မြို့တော်ဘက်သို့ ဆင်းသွားကြလော့။ သို့မှသာ သင်တို့ တောင်းဆိုသည်ကို (ယင်းမြို့၌) မုချပင် ရနိုင်လိမ့်မည်။” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့နောက်တွင်မှ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော (ကတိကဝတ်ဆိုင်ရာ) နှောင်ကြိုးနှင့်လူတို့ကြား၌ထားရှိသော နှောင်ကြိုးများမှအပ သူတို့အား တွေ့မြင်ခြင်းခံရသည့်နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အပေါ် အမျက်တော်၊ (ပြစ်ဒဏ် နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံကြရပြီး (လူပုံအလယ်တွင်) အရှက်ကွဲခံရခြင်း၊ (ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်သွားလာလှုပ်ရှားမှု ပိတ်ပင်တားဆီးခြင်းခံရခြင်း တို့ကြောင့်) ဒုက္ခအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း (စသောစိတ် ဆင်းရဲမှု) တို့ စုပြုံကျရောက်စေတော်မူလျက် သိက္ခာချခြင်းခံခဲ့ရကြောင်းကိုသာ တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ရခြင်း (၏အကြောင်းရင်း) မှာ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်ခြင်း နှင့်နဗီတမန်တော်များအား (တမန်တော်တို့၏အခွင့်အရေးနှင့်အမှန်တရားအားလုံးကို ဆန့်ကျင်လျက် သစ္စာမဲ့စွာ ဖြင့်) မတရားသတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏အာခံဖီဆန်မှုနှင့်စည်းမျဉ်း ချိုးဖောက်မှုတို့ကြောင့်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذ قلتم ياموسى لن نصبر على طعام واحد فادع لنا ربك يخرج, باللغة البورمية

﴿وإذ قلتم ياموسى لن نصبر على طعام واحد فادع لنا ربك يخرج﴾ [البَقَرَة: 61]

Ba Sein
၆၁။ ၎င်းပြင် သင်တို့သည် အို မူဆာ အစာတစ်မျိုးတည်းကို စားသုံးရခြင်းဖြင့် အကျွန်ု်ပ်တို့ ငြီးငွေ့လာပြီ။ သင်၏အရှင်သခင်အား အကျွနု်ပ်တို့အတွက် မြေကြီးထဲမှ အသီးအနှံပေါက်ရောက်စေမည့် အကြောင်း တောင်းပန်ပါလော့။ ဤမြေပေါ်တွင် ဟင်းပင်၊ သခွားပင်၊ ကောက်ပဲသီးနှံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသော ပွင့်မျိုး၊ သီးမျိုးတို့ပေါက်ရောက်စေရန် ဆုတောင်းပါလော့ဟု ဆိုကြ၏။ ထိုအခါ တမန်တော်မူဆာက ဟယ် အမိုက်တို့ သင်တို့သည် မြင့်မြတ်သောအရာကို နိမ့်ကျသောအရာနှင့် လဲလှယ်ကြမည်လော။ သင်တို့သည် ယခုပင် မြို့တွင်းသို့ဝင်ကြလော့။ မြို့တွင်း၌ သင်တို့တောင်းသော အသီးအနှံများကို ရကြလတ္တံ့ဟု မိန့်တော်မူ၏။ သူတို့အား ယုတ်ည့ံသေးသိမ်ခြင်းနှင့် ဆင်းရဲခြင်းကို ခံစားစေတော်မူ၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်သည် အမျက်ရှတော်မူ၏။ ယင်းသို့ဖြစ်ရခြင်းကား သူတို့ဥည် အရှင်မြတ်၏ကျမ်းတော်ကို မယုံကြည်၊ အရှင်မြတ်စေလွှတ်တော်မူသော တမန်တော် များကို မတရားသတ်ဖြတ်ခြင်းကြောင့်ဖြစ်၏။ သူတို့သည် ဗျာဒိတ်တော်မနာခံဘဲ တရားတော်ကို ဖောက်ဖျက်သောကြောင့်လည်းဖြစ်၏။
Ghazi Mohammad Hashim
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရရှိကြကုန်လော့၊) တရံရော အခါ အသင်တို့သည် [နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)အား] အိုနဗီတမန်တော် မူစာ (အလိုင် ဟစ္စလာမ်) ကျွန်တော်များသည်(နေ့စဉ်နှင့်အမျှ မန္န နှင့် စလ်ဝါကိုသာ မှီဝဲစားသုံး နေရခြင်းဖြင့် ငြီးငွေ့ကြပြီဖြစ်ပေရာ) အစားတမျိုးတည်းနှင့် ရောင့်ရဲတင်းတိမ်၍ အလျင်းမနေနိုင် ကြတော့ပြီ၊ သို့ဖြစ်လေရာ ကျွန်တော်များအဖို့ မြေမှပေါက်ရောက်သော (အစားအစာများဖြစ်သော) ဟင်းသီးဟင်းရွက်များ၊ သခွါးသီးများ၊ ဂျုံများ၊ ပဲရာဇာများနှင့် ကြက်သွန်နီများကို ပေါက်ရောက် စေတော်မူပါရန် အသင့်အား မွေးမြူတော်မူသော အရှင့်ထံတော်ဝယ် ဆုတောင်းပန်ထွာ၍ ပေးတော်မူပါဟု ပြောဆိုခဲ့ကြလေသည်။[ထိုအခါ နဗီတမန်တော်(မူစာအလိုင်ဟစ္စလာမ်) က ဟယ်အချင်းတို့] အသင်တို့သည် (ယခုစားသုံး နေကြရသော) အလွန်ကောင်း မြတ်သော(ဘောဇဉ်ခဲဘွယ်) များကို အလွန်တရာမျှ ညံ့ဖျင်းသော အာဟာရမျိုးဖြင့် လဲလှယ်စားသုံးလိုကြ ပါသလော။ (သို့ဖြစ်လျှင်) အသင်တို့ လိုလားတောင့်တကြကုန်သော အစာအာဟာရများကို ရရှိနိုင်ရန် အလို့ငှာ မြို့တစ်မြို့သို့ ဝင်ရောက်နေထိုင်ကြကုန်လော့ဟု မိန့်တော်မူလေသည်။ ထိုကဲ့သို့သော သွေဖည်မှုများကြောင့် ယင်း(အစ္စရာအီလီလူမျိုး) တို့ပေါ်ဝယ် ဂုဏ်ရည်သေးသိမ်ခြင်း နှင့်ဒုက္ခဆင်းရဲခြင်းတို့သည် အတည်ဖြစ်ခဲ့ချေပြီ။ ထို့ပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို ခံစားကြရချေပြီ။ ယင်း(ကဲ့သို့ အပြစ်ဒဏ်အမျိုးမျိုး ခံစား ရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် ပို့ချပေးသနား တော်မူသော တရားဒေသနာတော် များကို မယုံမကြည် သွေဖည်ငြင်းဆန်လေ့ ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား မတရားသဖြင့် (နှိပ်စက်ညှဉ်းပန်း) သတ်ဖြတ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ ဖြစ်ပေသည်။ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများသည် ထိုသူတို့၏ ဖီဆန်ပုန်ကန်ခြင်းနှင့် စည်းကမ်း ဖောက်ဖျက်လေ့ရှိခြင်းများကြောင့် ပင်တည်း။
Hashim Tin Myint
ထို့ပြင် တစ်ခါက အသင်တို့က‌ပြောဆိုခဲ့ကြသည်- “အို- (တမန်‌တော်)မူစာ၊ ကျွန်‌တော်တို့သည် အစားအစာတစ်မျိုးတည်းအ‌ပေါ်တွင် သည်းခံမ‌နေနိုင်‌တော့ပါ။ ထို့အတွက် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ထံ‌တော်တွင် ဆု‌တောင်း‌ပေးပါ၊ အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ‌မြေမှ‌ပေါက်‌ရောက်သည့် ဟင်းသီးဟင်းရွက်များ၊ သခွားသီးများ၊ ဂျုံများ၊ ပဲနီ‌လေးများနှင့် ကြက်သွန်နီများကိုပါ ‌ပေါက်‌ရောက်‌စေရန်(ဆု‌တောင်း‌ပေးပါ)။“ ၎င်း(တမန်‌တော်မူစာ)က‌ပြောခဲ့သည်- “အသင်တို့သည် အလွန်‌ကောင်း‌သော စားနပ်ရိက္ခာများကို အလွန်ညံ့‌သော စားနပ်ရိက္ခာများနှင့် လဲလှယ်လိုကြသ‌လော။ (သို့ဖြစ်လျှင်) မြ့ိုတစ်မြ့ိုသို့ ဝင်‌ရောက်‌နေထိုင်လိုက်ကြပါ၊ ထိုထဲတွင် အမှန်ပင် အသင်တို့‌တောင်းသည်များကို ရလိမ့်မည်။“* ထို့ပြင် သူတု့ိအ‌ပေါ်၌ ‌သေးသိမ်မှုနှင့် ဆင်းရဲမှုသည် (အမြဲ)အတည်ဖြစ်သွားခဲ့သည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမျက်‌တော်စူးရှမှုကို ခံစားခဲ့ရ(လျက်လှည့်လည်‌နေကြရ)‌တော့သည်။ ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရား‌ဒေသနာ‌တော်များကို ငြင်းပယ်‌နေခဲ့ကြပြီး တမန်‌တော်များကို မတရား သတ်ဖြတ်‌နေခဲ့ကြခြင်း‌ကြောင့်*ဖြစ်သည်။ ၎င်းသည် သူတို့၏‌သွေဖည်မှုနှင့် စည်း‌ဖောက်မှုများ‌ကြောင့်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek