Quran with Burmese translation - Surah Al-Baqarah ayat 7 - البَقَرَة - Page - Juz 1
﴿خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَعَلَىٰ سَمۡعِهِمۡۖ وَعَلَىٰٓ أَبۡصَٰرِهِمۡ غِشَٰوَةٞۖ وَلَهُمۡ عَذَابٌ عَظِيمٞ ﴾
[البَقَرَة: 7]
﴿ختم الله على قلوبهم وعلى سمعهم وعلى أبصارهم غشاوة ولهم عذاب عظيم﴾ [البَقَرَة: 7]
Ba Sein ၇။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏နားနှင့် စိတ်နှလုံးတို့ကို တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ သူတို့၏ မျက်စိများကို အမြှေးများက ဖုံးထား၏။ သူတို့သည် အလွန်ကြီးလေးသောအပြစ်ကို ခံကြရမည်။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများနှင့် သောတာရုံအပေါ်၌ တံဆိပ်ခတ်နှိပ်တော် မူလိုက်ပြီ၊။ ထို့ပြင် ထိုသူတို့၏စက္ခုအာရုံများ အပေါ်၌လည်း အကာအကွယ် ရှိနေလေသည်။ ထို့ နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှိချေပြီ။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်နှင့် ၎င်းတို့၏အကြားအာရုံများအပေါ်တွင် တံဆိပ်ခပ်နှိပ်လိုက်သည့်အပြင် ၎င်းတို့၏အမြင်အာရုံများအပေါ်တွင်လည်း အကာအကွယ်ရှိနေပြီဖြစ်သည်။ ထို့ပြင် ၎င်းတို့အတွက် ကြီးလေးသောအပြစ်ဒဏ်လည်းရှိသည်။ |