Quran with Burmese translation - Surah Al-Baqarah ayat 76 - البَقَرَة - Page - Juz 1
﴿وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَا بَعۡضُهُمۡ إِلَىٰ بَعۡضٖ قَالُوٓاْ أَتُحَدِّثُونَهُم بِمَا فَتَحَ ٱللَّهُ عَلَيۡكُمۡ لِيُحَآجُّوكُم بِهِۦ عِندَ رَبِّكُمۡۚ أَفَلَا تَعۡقِلُونَ ﴾
[البَقَرَة: 76]
﴿وإذا لقوا الذين آمنوا قالوا آمنا وإذا خلا بعضهم إلى بعض قالوا﴾ [البَقَرَة: 76]
Ba Sein ၇၆။ ထို့ပြင် သူတို့သည် ယုံကြည်သူတို့နှင့် တွေ့ဆုံသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ကြပါသည်ဟု ဆိုကြ၏။ သို့သော် သူတို့အချင်းချင်း တွေ့ကြသောအခါ သူတို့က အချင်းတို့ သင်တို့သည် သူတို့အား အလ္လာဟ်အရှင်မြတ် ချပေးတော်မူသောကျမ်းတော်အကြောင်း ပြောပြကြသလော။ သို့ပြောပြလျှင် သူတို့သည် သင်တို့နှင့် ထိုကျမ်းအကြောင်းကို သင်တို့၏ အရှင်သခင်ေ့ရှတော်ဝယ် ငြင်းခုံကြလိမ့်မည် ဟု ပြောကြ၏။ သင်တိုု့သည် သူတို့၏ ရည်ရွယ်ချက်ကို မသိကြရသလော။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုသူများသည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော မုအ်မင်န်များနှင့် တွေ့ဆုံကြသော အခါ(ဥပါယ်တမျည်ဖြင့် ယုံကြည်ဟန်ဆောင်၍) ကျွန်ုပ်တို့သည် လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါသည်ဟု ပြောဆိုကြကုန်၏။ သို့သော် ယင်းသူတို့အနက်မှ အချို့သည် အခြားသော (ယဟူဒီများနှင့် ဆိတ်ကွယ်ရာ၌) တွေ့ဆုံကြသောအခါ အချင်းတို့ - အသင်တို့သည် အလ္လာဟ် အရှင်မြတ်က (တောင်ရာတ်ကျမ်း၌) သင်တို့ကိုဖွင့်လှစ်ထုတ်ဖော် ပြသတော် မူထားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိုမုအ်မင်န် များကို သတင်းများ ပေးပို့ကြပါသလော။ ယင်းသူတို့သည် နောင်ခါကာလ၌ အသင်တို့အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ် အထံတော်တွင် ထိုအကြောင်းအရာများကိုပင် အခြေပြုကာ သင်တို့နှင့်ဖက်ပြိုင် ငြင်းခုံကြကုန်အံ့။ သင်တို့သည် ဤမျှလောက်(ထင်ရှားလှစွာသော အကျိုးအကြောင်းများကိုပင်) အသိဉာဏ်မရှိ မသိနားမလည်နိုင် ကြပါသလောဟု (တစ်ဦးကိုတစ်ဦးပြစ်တင်စကား) ပြောကြားကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် ယဟူဒီများသည် မုအ်မင်န်ယုံကြည်သူများနှင့် တွေ့သည့်အခါ(အယောင်ဆောင်ပြီး) ကျွန်ုပ်တို့လည်း (တရားတော်များကို)ယုံကြည်ကြပါသည်ဟု ပြောဆိုကြသည်။ ၎င်းပြင် သူတို့ထဲမှအချို့သည် အချို့နှင့်သီးသန့်တွေ့ဆုံသောအခါ (ယခုကဲ့သို့)ပြောဆိုကြသည်- အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ဖွင့်ပြတော်မူခဲ့သောအကြင်အကြောင်းအရာများ*နှင့်ပတ်သက်၍ ထိုမုအ်မင်န်များကို ပြောပြကြသလော။ သူတို့သည် ထိုအကြောင်းအရာများကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ထံတော်ပါးတွင် အသင်တို့နှင့်ဆန့်ကျင်ပြီး အထောက်အထားအဖြစ် တင်ပြကာ ငြင်းခုံကြလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့ ဤမျှပင် အသိမရှိကြသလော။ |