×

(ထိုသို့ သတိပေးသော်ငြားလည်း) ငရဲမီးသည် ကျွန်ုပ်အား ရေတွက်လို့ရသည့် အချိန်ကာလ အနည်းငယ်မှအပ ထိကပ်နိုင်မည်မဟုတ်ဟု ပြောဆိုကြသည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပဋိညာဉ်လုပ်ပြီး ကတိတော်ကို 2:80 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:80) ayat 80 in Burmese

2:80 Surah Al-Baqarah ayat 80 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 80 - البَقَرَة - Page - Juz 1

﴿وَقَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامٗا مَّعۡدُودَةٗۚ قُلۡ أَتَّخَذۡتُمۡ عِندَ ٱللَّهِ عَهۡدٗا فَلَن يُخۡلِفَ ٱللَّهُ عَهۡدَهُۥٓۖ أَمۡ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴾
[البَقَرَة: 80]

(ထိုသို့ သတိပေးသော်ငြားလည်း) ငရဲမီးသည် ကျွန်ုပ်အား ရေတွက်လို့ရသည့် အချိန်ကာလ အနည်းငယ်မှအပ ထိကပ်နိုင်မည်မဟုတ်ဟု ပြောဆိုကြသည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပဋိညာဉ်လုပ်ပြီး ကတိတော်ကို ရယူထားကြသလော။ သို့ဖြစ်လျှင် “အလ္လာဟ်အရှင်မြတ်သည် ကတိတော်ကို အလျှင်း ဖျက်တော်မူလေ့ မရှိပေ။ သို့တည်းမဟုတ် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သင်တို့ မသိနားမလည်သည်ကို ပြောနေကြသလော။” ဟု (သူတို့ကို) မေးမြန်းလော့။

❮ Previous Next ❯

ترجمة: وقالوا لن تمسنا النار إلا أياما معدودة قل أتخذتم عند الله عهدا, باللغة البورمية

﴿وقالوا لن تمسنا النار إلا أياما معدودة قل أتخذتم عند الله عهدا﴾ [البَقَرَة: 80]

Ba Sein
၈ဝ။ တဖန်သူတို့က ငရဲမီးသည် အကျွန်ု်ပ်တို့အား ရက်အနည်းငယ်မှတပါး ကြာရှည်စွာ ထိလောင်မည် မဟုတ်ချေဟုပြောကြ၏။ သင်တမန်တော်ဟောကြားလော့။ ဟယ် အချင်းတို့ ယင်းသို့ တာရှည်စွာ အပြစ်မပေးကြောင်းနှင့် သင်တို့အား အလ္လာဟ်အရှင်မြတ် ကတိဗျာဒိတ်တော်ပေးတော်မူဖူးသလော။ မုချဧကန် အရှင်မြတ်သည် မိမိသစ္စာတော်ကို ဘယ်သောအခါမှ ဖျက်တော်မူမည်မဟုတ်ပေ။ သို့မဟုတ် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့မသိသောအရာကို ပြောဆိုကြ သလော။
Ghazi Mohammad Hashim
ထို့ပြင်တဝ ယင်းတို့က (ငရဲ) မီးသည် ကျွန်ုပ်တို့ကို ရေတွက်ထားသောနေ့ရက် (အနည်းငယ်) မှအပ (ကာလကြာမြင့်စွာ) အလျင်း ထိရောက်မည်မဟုတ်ဟု ပြောဆိုကြပြန်သည်။ (အို-နဗီတမန်တော်မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အသင်သည် (ယင်းယဟူဒီတို့ကို ဤသို့ တုံ့ပြန်)မေးမြန်းပါလေ။ (ဟယ်-အချင်းတို့) အသင် တို့သည် (ဤအကြောင်းနှင့်စပ်လျဉ်း၍) အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ တစုံတခုသော ပဋိညာဉ် ကို ရယူထား ကြပါသလော။ သို့ ရယူထားခဲ့ကြပါလျှင် အလ္လာဟ် အရှင်မြတ်သည် မိမိပြုထားတော် မူသော ပဋိညာဉ် ဝန်ခံချက်ကို မည်သည့်အခါမျှ ဖျက်တော်မူလိမ့်မည်မဟုတ်။ သို့တည်းမဟုတ် အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မိမိတို့ မသိနားမလည်သော အကြောင်းတစုံတရာကို လည်ဆယ် ပြောဆိုကြပါသလော။
Hashim Tin Myint
ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- ငရဲမီးသည် ကျွန်ုပ်တို့အား ‌ရေတွက်ထား‌သောရက်အချို့မှလွဲ၍ လုံးဝထိ‌ရောက်မည်မဟုတ်‌ပေ။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် (ဤသည်နှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်ထံမှ ကတိကဝတ် တစ်စုံတစ်ခု ရယူထားကြပါသ‌လော။ ထိုကဲ့သို့ ရယူထားခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထားသည့်ကတိကို မည်သည့်အခါမှ ဖျက်‌တော်မူမည်မဟုတ်‌ပေ။ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အသင်တို့ မသိနားမလည်သည့်အရာကို (ရမ်းဆ)‌ပြောဆို‌နေကြသည်‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek