×

(အရှင့်ထံတော်မှ ကျေးဇူးတော်များ၊ လမ်းညွှန်တော်များ၊ ကရုဏာတော်၊ အကြင်နာတော်နှင့်အမှန်တရားများကို သိမြင်လျှက် ရရှိခံစားခဲ့ကြသော်လည်း ယုံကြည်ရန်ငြင်းဆန်ပြီး အသင်တမန်တော်၏လမ်းညွှန်မှုသည် ကျွန်ုပ်တို့အတွက် လိုအပ်မည်လော့။” ဟု 2:88 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:88) ayat 88 in Burmese

2:88 Surah Al-Baqarah ayat 88 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 88 - البَقَرَة - Page - Juz 1

﴿وَقَالُواْ قُلُوبُنَا غُلۡفُۢۚ بَل لَّعَنَهُمُ ٱللَّهُ بِكُفۡرِهِمۡ فَقَلِيلٗا مَّا يُؤۡمِنُونَ ﴾
[البَقَرَة: 88]

(အရှင့်ထံတော်မှ ကျေးဇူးတော်များ၊ လမ်းညွှန်တော်များ၊ ကရုဏာတော်၊ အကြင်နာတော်နှင့်အမှန်တရားများကို သိမြင်လျှက် ရရှိခံစားခဲ့ကြသော်လည်း ယုံကြည်ရန်ငြင်းဆန်ပြီး အသင်တမန်တော်၏လမ်းညွှန်မှုသည် ကျွန်ုပ်တို့အတွက် လိုအပ်မည်လော့။” ဟု လှောင်ပြောင်ကာ မေးခွန်းထုတ်ခဲ့ကြ၏။ တမန်တော်၏လမ်းညွှန်မှုများ သည် သူတို့အပေါ် အကျိုးမသက်ရောက်ကြောင်း သိသာစေရန်) သူတို့က “ကျွန်ုပ်တို့၏နှလုံးသားများကို ပိတ်ထားပြီးပြီ။”ဟု ပြောဆိုကြ၏။ (စာနာစိတ်ကင်းမဲ့သူများဖြစ်၍ ယုံကြည်နိုင်စွမ်း မရှိကြပေ)။ အမှန်မှာ သူတို့၏မယုံကြည်မှု (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်း ဆန်ဖုံးကွယ်မှု) ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင့်မေတ္တာ၊ ကရုဏာနှင့်အကြင်နာတော်မှ ဝေးကွာစေတော်မူခြင်းသာ ဖြစ်၏။ (သူတို့၏နှလုံးသား၊ အကြား အမြင်နှင့်အတွေးအခေါ်များကို အမှောင်ချခံထားလိုက်ရပြီး) သူတို့၏ယုံကြည်မှုမှာလည်း မပြောပလောက်သော အနည်းငယ်မျှသာ ရှိသည်။ (အမှန်တရားများအနက် အနည်းအကျဉ်းကိုသာ သူတို့လက်ခံကြသည်။)

❮ Previous Next ❯

ترجمة: وقالوا قلوبنا غلف بل لعنهم الله بكفرهم فقليلا ما يؤمنون, باللغة البورمية

﴿وقالوا قلوبنا غلف بل لعنهم الله بكفرهم فقليلا ما يؤمنون﴾ [البَقَرَة: 88]

Ba Sein
၈၈။ သူတို့က အကျွန်ုပ်တို့သည် ခက်ထန်မာပြင်း၏ဟုပြောကြ၏။ ယင်းသို့မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် သည် သူတို့အား မိစ္ဆာအယူဝါဒကြောင့်ကျန်ဆဲတော်မူ၏။ သူတို့သည် အနည်းငယ်မျှ မယုံကြည် ကြပေ။
Ghazi Mohammad Hashim
တစ်ဖန် ယင်း(ယဟူဒီများက) ပြောဆိုကြပြန်သည်မှာ အကျွန်ုပ်တို့၏ စိတ်နှလုံးများသည် လုံးဝ ဖုံးအုပ်လျက်ရှိနေပေသည်။ (သို့ဖြစ်လေရာ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့၏ စိတ်နှလုံး တွင်းသို့ မစူးရှ မဝင်နိုင်ချေ)။ စင်စစ်သော်ကား ထိုသို့အလျင်းမဟုတ်၊ အမှန်မှာ ယင်းသူတို့၏ ငြင်းပယ်ဖီဆန်မှုကြောင့် အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အား မိမိကရုဏာတော်မှ ကင်းဝေးစေတော် မူသည်။ သို့ဖြစ်၍ ယင်းသူတို့၏ (စိတ်တွင်း၌) ယုံကြည်ခြင်းသဒ္ဓါတရားသည် အနည်းငယ် စိုးစဉ်မျှသာ ရှိလေသည်။
Hashim Tin Myint
ထို့ပြင် သူတို့က‌ပြောခဲ့ကြပြန်သည်- ကျွန်ုပ်တို့၏စိတ်နှလုံးများသည် (အဖုံးအအုပ်ထဲတွင်)ဖုံးအုပ်လျက်ရှိ‌နေကြသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့၏‌သွေဖည်ငြင်းပယ်မှု‌ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့ခြင်းသာဖြစ်သည်။ ထို့‌ကြောင့် ၎င်းတို့သည် (၎င်းတို့စိတ်ထဲမှ)အနည်းငယ်သာ အီမာန်ယုံကြည်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek