Quran with Burmese translation - Surah Al-Baqarah ayat 89 - البَقَرَة - Page - Juz 1
﴿وَلَمَّا جَآءَهُمۡ كِتَٰبٞ مِّنۡ عِندِ ٱللَّهِ مُصَدِّقٞ لِّمَا مَعَهُمۡ وَكَانُواْ مِن قَبۡلُ يَسۡتَفۡتِحُونَ عَلَى ٱلَّذِينَ كَفَرُواْ فَلَمَّا جَآءَهُم مَّا عَرَفُواْ كَفَرُواْ بِهِۦۚ فَلَعۡنَةُ ٱللَّهِ عَلَى ٱلۡكَٰفِرِينَ ﴾
[البَقَرَة: 89]
﴿ولما جاءهم كتاب من عند الله مصدق لما معهم وكانوا من قبل﴾ [البَقَرَة: 89]
Ba Sein ၈၉။ သူတို့ ရရှိပြီးသောကျမ်းတော်ကို ထောက်ခံသောကျမ်းတော်တစ်စောင်သည် အလ္လာဟ်အရှင်မြတ် ထံမှ ကျရောက်လာ၏။ ထိုကျမ်းတော်မကျရောက်မီသူတို့သည် မိစ္ဆာဒိဋ္ဌိတို့ကို အကြီးအကျယ် အောင်မြင်လိုကြ၏။ သို့သော် တရားမှန်ဟု မိမိတို့သိသောတရားတော်ကျရောက်လာသောအခါ သူတို့သည် ထိုသမ္မာတရားတော်ကို မယုံကြည်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူတို့အား ကျိန်ဆဲတော်မူ၏။ |
Ghazi Mohammad Hashim အခါတစ်ပါး၌ အလ္လာဟ် အရှင်မြတ်အထံ တော်မှ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) သည် ယင်း(ယဟူဒီ)များထံ ရောက်ရှိလာခဲ့လေသည်၊ ထို(ကုရ်အာန်) ကျမ်းမြတ်သည ၎င်းတို့ထံ ရှိနှင့်ပြီး ဖြစ်သော (တောင်ရာတ်) ကျမ်းကိုပင်ထောက်ခံလျက် ရှိပေသည်။ စင်စစ်ဆိုသော် ယင်းသူတို့(ကိုယ်တိုင်) သည်လည်း (ထိုကျမ်းဂန်နှင့် ကျမ်းဂန်ကိုယူဆောင် လာမည့် နဗီတမန်တော်၏ အကြောင်းများကို ထိုကျမ်းဂန် မကျရောက်သေးမီကပင် အရဗ်လူမျိုး) ကာဖိရ်တို့အား ထုတ်ဖော် ပြောဆိုလေ့ ရှိခဲ့လေသည်။ ပြီးနောက်တဖန် ထိုသူတို့သည် မိမိတို့ထံ မိမိတို့ သိနှင့်ပြီးဖြစ်သော (ကုရ်အာန်)ကျမ်းမြတ် သည် ရောက်ရှိလာသောအခါ ယင်း(ကုရ်အာန်) ကျမ်းမြတ်ကိုပင် ငြင်းပယ်ကြကုန်သည်။ သို့ဖြစ်လေရာ (ယင်းကဲ့သို့) သွေဖည်ငြင်းပယ်သော သူတို့အဘို့မှာကား အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးခြင်းသာ ရှိပေတော့သည်။ |
Hashim Tin Myint ထို့ပြင် တစ်ခါတွင် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့(ယဟူဒီများ)ထံသို့ ၎င်းတို့ထံတွင် ရှိနှင့်ပြီးဖြစ်သော (သောင်ရာသ်)ကျမ်းကို ထောက်ခံပေးသည့်ကျမ်းတစ်စောင် (ကုရ်အာန်)ရောက်လာခဲ့သည်။ ၎င်းပြင် ယခင်က သူတို့သည် ကာဖိရ်များနှင့် ဆန့်ကျင်၍(ထိုကျရောက်လာမည့် ကုရ်အာန်ကျမ်း သို့မဟုတ် တမန်တော်မြတ်(ဆွ)ကို အကြောင်းပြုကာ အရှင်မြတ်ထံမှ)အောင်မြင်မှုများ တောင်းခံနေခဲ့ကြသည်။* ထို့နောက် သူတို့သိပြီးဖြစ်သော ထို(ကုရ်အာန်)ကျမ်းတော်သည် သူတို့ထံသို့ အမှန်ရောက်လာသည့်အခါတွင် သူတို့သည် ထိုကျမ်းကိုပင် သွေဖည်ခဲ့ကြပြန်သည်။ ထို့ကြောင့် ငြင်းပယ်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးမှုသာရှိပေသည်။ |