Quran with Burmese translation - Surah Ta-Ha ayat 10 - طه - Page - Juz 16
﴿إِذۡ رَءَا نَارٗا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدٗى ﴾
[طه: 10]
﴿إذ رأى نارا فقال لأهله امكثوا إني آنست نارا لعلي آتيكم منها﴾ [طه: 10]
Ba Sein ၁ဝ။ ထိုတမန်တော်သည် မီးတစ်ခုကို မြင်ရ၍ သူ၏လူများအား ဤတွင်ဆိုင်းင့ံကြလော့။ ငါသည် အဝေးမှာ မီး တစ်ခုကို မုချမြင်ရ၏။ ထိုမီးရှို့ရာမှ မီးကျီးမီးခဲတစ်ခုကို သင်တို့ထံယူခဲ့နိုင်ကောင်းယူခဲ့လိမ့်မည်။ သို့မဟုတ် ထိုမီးရှို့ရာတွင် လမ်းညွှန်ပြချက်တစ်စုံတစ်ခုကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ပြောပြ၏။ |
Ghazi Mohammad Hashim တစ်ရံရောအခါဝယ် ယင်း(နဗီတမန်တော်)မူစာသည် မီးတစ်ခုကို မြင်လေသော် မိမိအိမ်သူ အိမ်သားတို့အား အသင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်း၍နေရစ်ကြလေကုန်။ ဧကန်မလွဲ ကျွန်ုပ်သည် မီးတစ်ခုကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ထိုမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ရာ၏။ သို့တည်းမဟုတ် ကျွန်ုပ်သည်မီ၏အနီးတွင် လမ်းညွှန်တစ်စုံတစ်ရာကို တွေ့ရှိတန်ရာသည်ဟု ပြောဆိုလေ၏။ |
Hashim Tin Myint တစ်ခါက ၎င်းသည် မီးတစ်ခုကို မြင်သည့်အခါ ၎င်း၏အိမ်သူအိမ်သားများအား “အသင်တို့ စောင့်နေခဲ့ကြပါ၊ အမှန်ပင် ကျွန်ုပ်သည် မီးတစ်ခုကို မြင်ရသည်၊ ကျွန်ုပ်သည် ထိုမီးမှ မီးတောက်ကို (သစ်သားစသည်တို့နှင့် မီးကူးယူပြီး) အသင်တို့ထံ (ချမ်းအေးခြင်းကို ကာကွယ်ရန်) ယူဆောင်လာနိုင်လိမ့်မည်၊ သို့မဟုတ် ကျွန်ုပ်သည် မီး၏အနားတွင် လမ်းညွှန်တစ်စုံတစ်ခု တွေ့ရှိကောင်း တွေ့ရှိနိုင်သည်“ဟု ပြောဆိုသည်။ |