×

ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် လူသားတို့၏) မျက်နှာများမှာ ထာဝရရှင်နေတော်မူသော၊ တည်ရှိမြဲအတိုင်း အစဉ်တည်ရှိနေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် (ကျိုးနွံစွာဖြင့်) အောက် ကျို့လျက် ရှိကြပေမည်။ သို့သော် 20:111 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:111) ayat 111 in Burmese

20:111 Surah Ta-Ha ayat 111 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 111 - طه - Page - Juz 16

﴿۞ وَعَنَتِ ٱلۡوُجُوهُ لِلۡحَيِّ ٱلۡقَيُّومِۖ وَقَدۡ خَابَ مَنۡ حَمَلَ ظُلۡمٗا ﴾
[طه: 111]

ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင် လူသားတို့၏) မျက်နှာများမှာ ထာဝရရှင်နေတော်မူသော၊ တည်ရှိမြဲအတိုင်း အစဉ်တည်ရှိနေတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်ဝယ် (ကျိုးနွံစွာဖြင့်) အောက် ကျို့လျက် ရှိကြပေမည်။ သို့သော် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံမှုအထုပ်ကိုသာ ထမ်းရွက်လာခဲ့ကြသူတို့မှာမူကား (လုပ်ရပ်များ၏အကျိုးဆက်များကို ပျက်ပြယ်ဆုံးရှုံးခံရလျက်) မုချပင် ကျဆုံးကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وعنت الوجوه للحي القيوم وقد خاب من حمل ظلما, باللغة البورمية

﴿وعنت الوجوه للحي القيوم وقد خاب من حمل ظلما﴾ [طه: 111]

Ba Sein
၁၁၁။ အသက်ရှိတော်မူထသော နိစ္စထာဝရအရှင်သခင်၏ မျက်မှောက်တော်ဝယ်လူခပ်သိမ်းတို့သည် မျက်နှာအောက်ချ နှိမ့်ချလျက်ရှိကြ၏၊ အကြင်သူသည် ဒုစရိုက်မကောင်းမှုပြုခြင်းဝန်ထုပ်ကြီးကို ထမ်းပိုရ၏၊ ထိုသူသည် ထိုနေ့တော် ကြီး၌ ဆုံးရှုံးပျက်စီးမှုအမှန်ပင်ဖြစ်၏။
Ghazi Mohammad Hashim
ထို့ပြင်(ထိုနေ့တွင် လူခပ်သိမ်းတို့၏)မျက်နှာများမှာထာဝရရှင်နေတော်မူသော၊ အစဉ်အမြဲ တည်ရှိနေတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အောက်ကြို့လျက်ရှိကြပေမည်။ ၎င်းပြင် ဧကန်မလွဲ မတရားမှုကို (ကျူးလွန်)ထမ်းဆောင်ခဲ့သောသူမှာ မူကား (ထိုနေ့၌)လုံးဝဆုံးရှုံးမည်သာတည်း။
Hashim Tin Myint
ထို့ပြင် (ထို‌နေ့တွင် လူများ၏)မျက်နှာများသည် အမြဲရှင်‌နေ‌တော်မူ‌သော၊ အမြဲတည်ရှိ‌နေ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌တော်‌မှောက်တွင် ‌အောက်ကျို့ကြမည်။ ထို့ပြင် အမှန်စင်စစ် မတရားမှုကို ထမ်း‌ဆောင်ခဲ့သည့်သူကမူ အလိုမပြည့်‌တော့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek