×

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ကို စကားပြေပြစ်ကောင်းမွန်လှသော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်ပို့ချ၍ ပေးအပ်တော်မူပြီး ငါအရှင်မြတ်ကို စိုးရွံ့ 20:113 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:113) ayat 113 in Burmese

20:113 Surah Ta-Ha ayat 113 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 113 - طه - Page - Juz 16

﴿وَكَذَٰلِكَ أَنزَلۡنَٰهُ قُرۡءَانًا عَرَبِيّٗا وَصَرَّفۡنَا فِيهِ مِنَ ٱلۡوَعِيدِ لَعَلَّهُمۡ يَتَّقُونَ أَوۡ يُحۡدِثُ لَهُمۡ ذِكۡرٗا ﴾
[طه: 113]

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ကို စကားပြေပြစ်ကောင်းမွန်လှသော အာရဗီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်ပို့ချ၍ ပေးအပ်တော်မူပြီး ငါအရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် သို့တည်းမဟုတ် သူတို့အတွက် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာအဖြစ် ဆွေးနွေးစေ့ဆော်ခြင်းခံရရန်အလို့ငှာ ငါအရှင်မြတ်သည် ယင်း (ကျမ်းတော်) ၌ (ဆက်စပ်ဖော်ပြထားသော အကြောင်းအရာ အဖုံဖုံနှင့်ရှုထောင့်အသွယ်သွယ်ဖြင့်) သတိပေးနှိုးဆော်ချက်များ ပါဝင်စေလျက် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူ၏။

❮ Previous Next ❯

ترجمة: وكذلك أنـزلناه قرآنا عربيا وصرفنا فيه من الوعيد لعلهم يتقون أو يحدث, باللغة البورمية

﴿وكذلك أنـزلناه قرآنا عربيا وصرفنا فيه من الوعيد لعلهم يتقون أو يحدث﴾ [طه: 113]

Ba Sein
၁၁၃။ အို--တမန်တော်၊ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အာရဗီဘာသာဓမ္မဒေသနာတော်ကြီးအဖြစ်ဖြင့် ထုတ် ပြန်ချပေးတော်မူ၏။ သူတို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှားစေခြင်းငှာသော်လည်းကောင်း၊ တရားကျစေ ခြင်းငှာသော်လည်းကောင်း၊ ထိုကျမ်းတော်ကြီး၌ လူသားတို့ကို အပြစ်ဒဏ်တော်အချို့နှင့် ခြိမ်းခြောက်ထားတော် မူ၏။
Ghazi Mohammad Hashim
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည်ယင်း(ကျမ်းဂန်)ကို စကားပြေပြစ် ကောင်းမွန်လှသော ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ချပေးသနားတော် မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ခြိမ်းခြောက်မှုများကို အနည်းနည်းအဖုံဖုံ မိန့်ကြားတော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် ကြောက်ရွံ့ကြပေမည်။ သို့တည်းမဟုတ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းတို့၌ (အသိတရား) သတိတရားကို ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။
Hashim Tin Myint
ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထို(ကျမ်းဂန်)ကို (စကား‌ပြေပြစ် ‌ကောင်းမွန်သည့်)အရဗီ ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ထဲတွင် ခြိမ်း‌ခြောက်မှုများကို သူတို့ ‌ကြောက်ရွံ့ကြရန်အတွက် နည်းအမျိုးမျိုးဖြင့် မိန့်ကြား‌တော်မူခဲ့သည်။ သို့မဟုတ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် သူတို့အတွက် သတိတရားဖြစ်‌ပေါ်‌စေရန်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek