Quran with Burmese translation - Surah Ta-Ha ayat 122 - طه - Page - Juz 16
﴿ثُمَّ ٱجۡتَبَٰهُ رَبُّهُۥ فَتَابَ عَلَيۡهِ وَهَدَىٰ ﴾
[طه: 122]
﴿ثم اجتباه ربه فتاب عليه وهدى﴾ [طه: 122]
Ba Sein ၁၂၂။ ထို့နောက်သူ၏ကျေးဇူးတော်သခင်သည် သူ့အား ပြန်ရွေးကောက်တော်မူ၏၊ အမျက်ပြေတော်မူ၍ လမ်းပြတော် မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ၎င်းကို ရွေးချယ်တော်မူပြီး ၎င်း၏ဝန်ချတောင်းပန်မှုကို လက်ခံခွင့်လွှတ်တော်မူခဲ့သည်။ ထို့ပြင် တရားလမ်းမှန်ကိုလည်း ညွှန်ကြားပြသတော်မူခဲ့သည်။ |