×

(ထိုအခါ) အရှင်မြတ်က “ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများသည် အသင့်ထံ ရောက်ရှိစေ တော်မူသော်လည်း အသင်သည် (အမြော်အမြင်ရှိပါလျက် ယင်းတို့ကို) ထိုနည်းအတိုင်းပင် မေ့လျော့ ၍ 20:126 Burmese translation

Quran infoBurmeseSurah Ta-Ha ⮕ (20:126) ayat 126 in Burmese

20:126 Surah Ta-Ha ayat 126 in Burmese (البورمية)

Quran with Burmese translation - Surah Ta-Ha ayat 126 - طه - Page - Juz 16

﴿قَالَ كَذَٰلِكَ أَتَتۡكَ ءَايَٰتُنَا فَنَسِيتَهَاۖ وَكَذَٰلِكَ ٱلۡيَوۡمَ تُنسَىٰ ﴾
[طه: 126]

(ထိုအခါ) အရှင်မြတ်က “ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာများသည် အသင့်ထံ ရောက်ရှိစေ တော်မူသော်လည်း အသင်သည် (အမြော်အမြင်ရှိပါလျက် ယင်းတို့ကို) ထိုနည်းအတိုင်းပင် မေ့လျော့ ၍ စွန့်ပစ်ထားခဲ့လေ၏။ ထိုကဲ့သို့ပင် ယနေ့ အသင်သည်လည်း ဥပေက္ခာပြုမေ့လျော့ခြင်းကိုခံရခြင်း ဖြစ်၏။

❮ Previous Next ❯

ترجمة: قال كذلك أتتك آياتنا فنسيتها وكذلك اليوم تنسى, باللغة البورمية

﴿قال كذلك أتتك آياتنا فنسيتها وكذلك اليوم تنسى﴾ [طه: 126]

Ba Sein
၁၂၆။ အရှင်မြတ်က ယင်းသို့ဖြစ်ရမည်၊ ငါ၏နှုတ်ကပတ်တော်များ သင့်ထံသို့ကျရောက်၏၊ သို့သော်သင်သည် တရား တော်ကို မေ့လျော့နေ၏၊ ထိုနည်းတူသင်သည် ဤနေ့တော်ကြီး၌ မေ့လျော့ခြင်းကို ခံစားရ၏ဟု မိန့်တော်မူလတ္တံ့။
Ghazi Mohammad Hashim
(ထိုအခါ) ထိုအရှင်မြတ်သည်(ဤသို့)မိန့် ကြားတော်မူပေမည်။ (ဤကိစ္စသည်) ဤအတိုင်းပင် ဖြစ်ပေမည်။ငါအရှင်မြတ်၏ သက်သေသာဓကများသည် အသင့်ထံ ရောက်ရှိလာခဲ့သောအခါ အသင်သည် ထိုသက်သေ သာဓကများကို(ယုံကြည်လက်ခံခြင်းမပြုဘဲ) စွန့်ထားခဲ့လေသည်။ ထိုနည်းအတိုင်းပင် ယနေ့အသင်သည်လည်း စွန့်ထားခြင်းကိုခံရပေမည်။
Hashim Tin Myint
အရှင်မြတ်က မိန့်ကြား‌တော်မူမည်- ထိုသို့ပင်၊ ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင့်ထံသို့ ‌ရောက်လာခဲ့‌သောအခါ အသင်သည် ထိုအရာများကို (လက်ခံယုံကြည်မှုမရှိဘဲ)စွန့်ပစ်ထားခဲ့သည်။ ထို့ပြင် ထိုသို့ပင် ယ‌နေ့ အသင်လည်း စွန့်ပစ်ထားခြင်းခံရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek