Quran with Burmese translation - Surah Ta-Ha ayat 72 - طه - Page - Juz 16
﴿قَالُواْ لَن نُّؤۡثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلۡبَيِّنَٰتِ وَٱلَّذِي فَطَرَنَاۖ فَٱقۡضِ مَآ أَنتَ قَاضٍۖ إِنَّمَا تَقۡضِي هَٰذِهِ ٱلۡحَيَوٰةَ ٱلدُّنۡيَآ ﴾
[طه: 72]
﴿قالوا لن نؤثرك على ما جاءنا من البينات والذي فطرنا فاقض ما﴾ [طه: 72]
Ba Sein ရ၂။ သူတို့ကလည်း အကျွနု်ပ်တို့သည် သင်မင်းကြီးအား အကျွနု်ပ်ထံသို့ ကျရောက်လာသည့်ရှင်းလင်းသောသက်သေ သာဓကများထက်သော်လည်းကောင်း၊ အကျွနု်ပ်တို့၏ အရှင်သခင်ထက်သော်လည်းကောင်း အမြတ်ထားသည် မဟုတ်ချေ၊ ထို့ကြောင့်အသင်မင်းကြီးသည် ပေးလိုသောအပြစ်ဒဏ်ကို ပေးပါတော့၊ အသင်မင်းကြီးသည် အကျွနု်ပ်တို့အား ဤလောကီဘဝကိုသာ ဆုံးရှုံးစေနိုင်မည်။ |
Ghazi Mohammad Hashim ထိုပဉ္စလက်ဆရာတို့က (ဤသို့)ပြောကြားခဲ့လေ၏။ [အို-ဖိရ်အောင်(န်)] ကျွန်ုပ်တို့သည် အသင့်အား မိမိတို့ထံရောက်ရှိလာသော သက်သေသာဓက များထက်လည်းကောင်း၊ ကျွန်ုပ်တို့အား ဖန်ဆင်းတော် မူသောအရှင်မြတ်ထက်လည်းကောင်း၊ အလျှင်းနှစ်သက်ကြမည်မဟုတ်။ သို့ဖြစ်ပေရာအသင်သည် မိမိစီရင်ပြဋ္ဌာန်းလိုသည်ကို စီရင်ပြဋ္ဌာန်းပါလေ။(စင်စစ်မှာမူကား) အသင်၏မျက်မှောက်လောကီဘဝ၌သာစီရင်ပြဌာန်းနိုင်မည် ဖြစ်ပေသည်။ |
Hashim Tin Myint ထိုမှော်ဆရာများက ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာသော သက်သေသာဓကများနှင့် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထက် အသင့်အား လုံးဝ ဦးစားပေးနှစ်သက်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် အသင်စီရင်ချက်ချလိုသည့်အတိုင်း ချလိုက်ပါ။ (အမှန်စင်စစ်) အသင်သည် ဤဘဝတွင်သာ စီရင်ချက်ချနိုင်မည်ဖြစ်သည်။ |