Quran with Burmese translation - Surah Ta-Ha ayat 84 - طه - Page - Juz 16
﴿قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ ﴾
[طه: 84]
﴿قال هم أولاء على أثري وعجلت إليك رب لترضى﴾ [طه: 84]
Ba Sein ၈၄။ မူစာက အို--အရှင်၊ အကျွနု်ပ်၏လူများသည် အကျွနု်ပ်နောက်သို့ မနီးမဝေးမှ လိုက်လာပါသည်၊ အရှင် ကောင်းစွာနှစ်သက်တော်မူစေခြင်းငှာ အကျွနု်ပ်သည် အရှင့်ရှေ့တော်မှောက်သို့ လာရောက်ပါသည်ဟု တင် လျှောက်၏။ |
Ghazi Mohammad Hashim ယင်းမူစာက (ဤသို့)လျှောက်ထားခဲ့လေသည်။၎င်းတို့သည် ဤမှာ ကျွန်တော်မျိုး၏နောက်၌ပင် လိုက်ပါခဲ့ကြပါသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူ သောအရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ်ကျေနပ် တော်မူပါရန် အလျင်လာခဲ့ခြင်းပင်ဖြစ်ပါသည်။ |
Hashim Tin Myint ၎င်းက ပြောဆိုလျှောက်ထားသည်- သူတို့သည် ထိုနေရာတွင် ကျွန်ုပ်နောက်မှပင် လိုက်လာခဲ့ကြပါသည်။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်သည် အရှင်မြတ်ထံတော်သို့ အရှင်မြတ်ကျေနပ်တော်မူရန် ဆောလျင်စွာ လာခဲ့ခြင်းသာ ဖြစ်ပါသည်။ |